ကျောက်မဲတွင် (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဌာနဆိုင်ရာများက လူအနည်းငယ်ဖြင့် ကျင်းပပြီး အထိမ်းအမှတ် သစ်ပင်စိုက်

ကျောက်မဲတွင် (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဌာနဆိုင်ရာများက လူအနည်းငယ်ဖြင့် ကျင်းပပြီး အထိမ်းအမှတ် သစ်ပင်စိုက်
ဇူလိုင် 19, 2020
By Tachileik News Agency

ကျောက်မဲတွင် (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဌာနဆိုင်ရာများက လူအနည်းငယ်ဖြင့် ကျင်းပပြီး အထိမ်းအမှတ် သစ်ပင်စိုက်

COVID 19 ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်စေရန် ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် (၇၃)နှစ်မြောက် အာဇာနည်နေ့ အလေးပြုခြင်း အခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့၌ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံတွင် ဌာနဆိုင်ရာများသာပါဝင်သည့် လူအနည်းငယ်ဖြင့် ကျင်းပသည်။

ကျောက်မဲမြို့၊ မြို့အဝင်မုခ်ဦးအနီး၊ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုရှိ ရာ ပြည်သူ့ရင်ပြင်၌ ဇူလိုင်လ ( ၁၉ ) ရက်နေ့၊ နံနက် ( ၈ ) နာရီမှစ၍ တစ်ဦးနှင့်တစ်ဦး ( ၆ ) ပေစီခြားကာ အာဇာနည်ခေါင်းဆောင်ကြီးများအတွက် လွမ်းသူ့ ပန်းခွေများ ချထားခြင်းတို့ ပြုလုပ်ခဲ့ပြီးနောက် အလေးပြုခဲ့ကြခြင်းဖြစ်သည်။

(၇၃) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ကျောက်မဲရှိ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လူမှုကူညီရေး အသင်းအဖွဲ့များမှ တစ်သင်းလျှင် နှစ်ဦးစီဖြင့် ပါဝင်တက်ရောက်ခဲ့ခြင်း ဖြစ်ပြီး အထိမ်းအမှတ်အနေဖြင့် ပြည်ထောင်စုလမ်းမကြီးနံဘေးတွင် သစ်ပင်အချို့လည်း စိုက်ပျိုးခဲ့ကြသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ -  နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~