တာချီလိတ်တွင် Covid-19 ကာလအတွင်း သတ်မှတ်စည်းကမ်းနှင့် အညီ ဟိုတယ်(၃၆)လုံး ပြန်လည်ဖွင့်လှစ်ခွင့်ပြုထား

တာချီလိတ်တွင် Covid-19 ကာလအတွင်း သတ်မှတ်စည်းကမ်းနှင့် အညီ ဟိုတယ်(၃၆)လုံး ပြန်လည်ဖွင့်လှစ်ခွင့်ပြုထား
ဇူလိုင် 6, 2020
By Tachileik News Agency
တာချီလိတ်တွင် Covid-19 ကာလအတွင်း သတ်မှတ်စည်းကမ်းနှင့် အညီ ဟိုတယ်(၃၆)လုံး ပြန်လည်ဖွင့်လှစ်ခွင့်ပြုထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်  Covid-19 ကာကွယ်ထိန်းချုပ်ရေး သတ်မှတ် စည်းကမ်းနှင့်အညီ ၂၀၂၀ ခုနှစ် ဇူလိုင်လ (၆) ရက်နေ့အထိ  ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာ စုစုပေါင်း (၃၆) လုံးကို စီစစ်ပြီး ပြန်လည်ဖွင့်လှစ်ခွင့် ပြုထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာချီလိတ်ရုံးခွဲမှသိရသည်။

ဟိုတယ် (၃၆) လုံးရှိသွားပြီ။ တင်ထားထားတွေအကုန် ဖွင့်ခွင့်ရသွားပြီပေါ့။ ဒီ ကာလက ကာယကံရှင်ဆန္ဒဆိုတော့ ထပ်တင်ပြထားတာ မရှိသေးဘူး။ တင်ထားတာအားလုံး စစ်ဆေးပြီး ဖွင့်ခွင့်ရသွားပြီ

ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(တာချီလိတ်ရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၆)ရက်နေ့တွင် ပြောသည်။

၂၀၂၀ခုနှစ် မေလ(၂၅)ရက်နေ့က စ၍ တာချီလိတ်မြို့မှ ဇန်းမွန်အာခါဟိုတယ်၊ May Motel၊ Crown Hotel၊  ကြယ်တံခွန် မိုတယ်၊ ရှမ်းရွှေမြန်မာဟိုတယ်၊ ရွှေနန်းဟော် တည်းခိုရိပ်သာ နှင့် ကမ်းနားဟိုတယ်၊ ရွှေဘူးသီးဟိုတယ်၊ Baitong Hotel ၊ Royal Yadanar Hotel၊ ရွှေစင် (၂)ဟိုတယ်၊ ရွှေရေကန်ဟိုတယ်၊ မဲခေါင်မြစ်ဟိုတယ်၊ ရွှေမိသားစုဟိုတယ်၊ မြလင်းပွင့်ဟိုတယ်၊ 1G1 7 Hotel၊ 1G1 8 Hotel၊ ဆင်ဖြူမင်းဟိုတယ်၊ Loma Hotal ၊ Rose Myanmar Hotel၊ Golden Cherry Hotel ၊ ဆန်ဆိုင်းဟိုတယ်၊ Hotel Tachileik ၊ စန္ဒာလင်းတည်းခိုရိပ်သာ၊ Platinum Star၊ Green Mountain၊ ZION Hotel ၊ Golden Lucky Motel ၊ The Nich Motel ၊ Sweet Dream World Motel ၊ Shang Harn Hotel ၊ ရွှေနဂါးမိုတယ်၊ J My King Hotel, J M K Motel, ဧရာဝဏ်ဟိုတယ် နှင့် ကျင်းလုံ ဟိုတယ်တို့ကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးထားခြင်း ဖြစ်သည်။

တာချီလိတ်တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ ခွင့်ပြုလိုင်စင်ဖြင့် ဖွင့်လှစ်ခွင့်ရရှိထားသည့် ဟိုတယ်၊ မိုတယ် နှင့် တည်းခိုရိပ်သာ စုစုပေါင်းမှာ  (၅၄)လုံးအထိရှိနေသော်လည်း လက်ရှိတွင် Covid-19 ကာလအတွင်း ပြန်လည်ဖွင့်လှစ်ခွင့် ပြုရန် လျှောက်ထားသည့် အရေအတွက်မမှာ (၃၆)လုံးသာ ရှိသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~