တာချီလိတ်မြို့နယ်အတွင်း ရေပူစမ်းကျေးရွာအနီး ဝါးရုံပင်အောက် မြေကြီးအတွင်းထဲက မူးယစ်ဆေးဝါးများ နှင့် လက်နက် တွေ့ရှိ

တာချီလိတ်မြို့နယ်အတွင်း ရေပူစမ်းကျေးရွာအနီး ဝါးရုံပင်အောက် မြေကြီးအတွင်းထဲက မူးယစ်ဆေးဝါးများ နှင့် လက်နက် တွေ့ရှိ
ဇူလိုင် 1, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း ရေပူစမ်းကျေးရွာအနီး ဝါးရုံပင်အောက် မြေကြီးအတွင်းထဲက မူးယစ်ဆေးဝါးများ နှင့် လက်နက် တွေ့ရှိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်း ရေပူစမ်းကျေးရွာအနီးရှိ လူမနေသည့် အဆောက်အဦ ဟောင်းဝန်းကျင်ရှိ ဝါးရုံပင်အောက် မြေကြီးထဲက မူးယစ်ဆေးဝါးများ နှင့် သေနတ်(၂)လက်ကို တပ်မတော်နယ်မြေလုံခြုံရေးအဖွဲ့က ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း ရေပူစမ်းကျေးရာအနီးရှိ လူမနေသည့် အဆောက်အဦဟောင်းအား ၂၀၂၀ခုနှစ် ဇွန်လ(၃၀)ရက်နေ့ ညနေပိုင်းက တပ်မတော်နယ်မြေလုံခြုံရေးအဖွဲ့မှ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ရာက အဆောက်အဦအနီးရှိ ဝါးရုံပင်အောက် မြေကြီးအတွင်းထဲက မူးယစ်ဆေးဝါးများကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

မြေကြီးအတွင်းထဲမှ ဆာလာအိတ်များအတွင်း ထည့်ထားသည့် စိတ်ကြွဆေးပြား (၁,၉၆၆,၀ဝ၀)ပြား နှင့် ရေစိုပျက်စီးနေသည့် စိတ်ကြွဆေးပြား အလေးချိန် (၂၀)ကီလို အပြင် ပွိုင့်-၂၂ သေနတ်(၁)လက်နှင့် ခြောက်လုံးပြူး သေနတ်(၁)လက်တို့ကို တွေ့ရှိ သိမ်းဆည်းရမိခြင်း  ဖြစ်သည်။

ယင်းအပြင် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကိုလည်း‌ တွေ့ရှိသိမ်းဆည်းရ၍ လုံခြုံရေးအဖွဲ့က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်သို့ လွှဲပြောင်းပေးလိုက်ပြီး တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ထားကြောင်းသိရှိရသည်။

နယ်မြေလုံခြုံရေး နှင့် ရှင်းလင်းရေး ဆောင်ရွက်နေသည့် တပ်မတော်မှ တပ်ဖွဲ့ဝင်များက တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း လက်နက် ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့များအဖြစ် ၂၀၂၀ခုနှစ်  ဇွန်လ(၁၉)ရက်နေ့ကစ၍  ဆက်တိုက် တွေ့ရှိ သိမ်းဆည်းရမိထားကြောင်းလည်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~