မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းတွင် ဓားထိုးမှုဖြစ်၍ အမျိုးသားတစ်ဦး သေဆုံး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းတွင် ဓားထိုးမှုဖြစ်၍ အမျိုးသားတစ်ဦး သေဆုံး
ဇူလိုင် 9, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းတွင် ဓားထိုးမှုဖြစ်၍ အမျိုးသားတစ်ဦး သေဆုံး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်း ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ(၉)ရက်နေ့ ညနေပိုင်းက ဓားထိုးမှုဖြစ်ပွား၍ လူတစ်ဦးသေဆုံးကြောင်း သိရသည်။

ဒီနေ့ညနေပိုင်းမှာ ဓားထိုးမှုဖြစ်ပြီး အထိုးခံရသူ သေဆုံးသွားတယ်ဆိုတာ မှန်ပါတယ်။ သူငယ်ချင်း အချင်း ချင်း အစလွန်ပြီး လက်လွန်သွားသလားမသိပါဘူး။ ဓားနဲ့ထိုးမိတယ်လို့တော့ သိရတာပဲ။ အစလွန်ပြီး ဖြစ် သွားတယ်လို့တော့ ပြောတာပဲ။ စစ်ဆေးမှပဲ သိမှာ

ဟု မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ လဘက်ရည်ဆိုင်တွင် လဘက်ရည်သောက်နေသည့် ယာဉ်မောင်း အောင်ကိုချစ်အား လဘက်ရည်ဆိုင်မှ အဖျော်ဆရာ ဇေယျာဖြိုးက အရိုး/အသွား (၈) လက္မခန့်ရှိသည့် ပလပ်စတစ်အရိုးတပ် ဓားဦးချွန်နှင့် ထိုးသဖြင့် အောင်ကိုချစ်၏ ဝဲဘက်ရင်အုံတွင် (၁)ချက်၊ ဝဲနောက်ကျောတွင်(၁)ချက် ထိုးသွင်းဒဏ်ရာများရရှိသွားသဖြင့် မကွေးတိုင်းဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူနေစဉ်မှာပင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မကွေးမြို့မရဲစခန်းမှ (ပ)၆၈၂/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~