တာချီလိတ်၏ အတည်ပြုလူနာ Case 96 အပါအဝင် အနီးကပ် ထိတွေ့သူ အားလုံး၏ ဓာတ်ခွဲအဖြေတွင် COVID 19 ပိုးမတွေ့

တာချီလိတ်၏ အတည်ပြုလူနာ Case 96 အပါအဝင် အနီးကပ် ထိတွေ့သူ အားလုံး၏ ဓာတ်ခွဲအဖြေတွင် COVID 19 ပိုးမတွေ့
ဇူလိုင် 5, 2020
By Tachileik News Agency
တာချီလိတ်၏ အတည်ပြုလူနာ Case 96 အပါအဝင် အနီးကပ် ထိတွေ့သူ အားလုံး၏ ဓာတ်ခွဲအဖြေတွင် COVID 19 ပိုးမတွေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ အတည်ပြုလူနာ Case 96 အပါအဝင် အနီးကပ်ထိတွေ့ခဲ့သူ (၁၃) ဦး၏ ဓာတ်ခွဲနမူနာတွင် COVID 19 ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၄)ရက်နေ့ညပိုင်း၌ ဓာတ်ခွဲအဖြေရထားကြောင်း သိရသည်။

“Close contact  အားလုံး negative ပါ။ Case 96 ကလည်း Negative ပါ”ဟု COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ပြည်နယ်အဆင့် တာဝန်ရှိသူတစ်ဦးဖြစ်သည့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မှ case 96 မှာ ကျိုင်းတုံဆေးရုံမှ ဆေးရုံဆင်းခွင့်ရပြီး ရက်ပေါင်း (၄၀)အကြာဖြစ်သည့် ဇွန်လ (၃၀)ရက်နေ့က ပြန်လည်ဓာတ်ခွဲစစ်ဆေးသည့် အဖြေတွင် COVID 19 ပိုးတွေ့ရသဖြင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပြန်လည်ပို့ဆောင်ထားခြင်းဖြစ်သည်။

Case 96 အပါအဝင် အနီးကပ်ထိတွေ့ခဲ့သည့် တာချီလိတ်နှင့် ကျိုင်းတုံမှ ကျန်းမာရေးဝန်ထမ်း (၁၃)ဦးတို့၏ ဓာတ်ခွဲနမူနာများကို  ဇူလိုင်လ (၃)ရက်နေ့၌ ရန်ကုန်သို့ပို့ဆောင်စစ်ဆေးခဲ့ရာ COVID 19 ပိုးမတွေ့ရကြောင်း ဇူလိုင်လ (၄)ရက်နေ့၌ အဖြေရလာခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~