အိန္ဒိယ နှင့် အင်္ဂလန်နိုင်ငံတို့မှ ပြန်လာသူ (၄)ဦးတွင် Covid-19 ပိုး ထပ်တွေ့ရ၍ မြန်မာနိုင်ငံအတွင်း ကူးစက်ခံရသူ (၃၃၀)ဦးအထိ ရှိလာ

အိန္ဒိယ နှင့် အင်္ဂလန်နိုင်ငံတို့မှ ပြန်လာသူ (၄)ဦးတွင် Covid-19 ပိုး ထပ်တွေ့ရ၍ မြန်မာနိုင်ငံအတွင်း ကူးစက်ခံရသူ (၃၃၀)ဦးအထိ ရှိလာ
ဇူလိုင် 11, 2020
By Tachileik News Agency

အိန္ဒိယ နှင့် အင်္ဂလန်နိုင်ငံတို့မှ ပြန်လာသူ (၄)ဦးတွင် Covid-19 ပိုး ထပ်တွေ့ရ၍  မြန်မာနိုင်ငံအတွင်း ကူးစက်ခံရသူ (၃၃၀)ဦးအထိ ရှိလာ

အသွားအလာကန့်သတ်ထားသည့်နေရာမှ ဓာတ်ခွဲနမူနာရယူစစ်ဆေးထားသူများအနက်မှ (၄) ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့် မြန်မာနိုင်ငံ၌  ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့ ညပိုင်းအထိ အတည်ပြုလူနာ စုစုပေါင်း (၃၃၀)ဦး ရှိလာပြီဖြစ်သည်။

COVID 19 ပိုးတွေ့ရသူ (၄)ဦးတွင် အင်္ဂလန်မှ ပြန်လာသူ (၁)ဦးနှင့် အိန္ဒိယမှ ပြန်လာသူ (၃)ဦးပါဝင်ပြီး အဆိုပါ (၄)ဦးလုံးကို ရန်ကုန်တွင် အသွားအလာကန့်သတ်ထားသည့်နေရာ၌ ထားရှိခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ ကုသမှုခံယူနေသည့် အတည်ပြုလူနာများအနက် ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း (၂၄၇)ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ (၁၁)ရက်နေ့ညပိုင်း၌  အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာန (DMR)၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)နှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံကြီး ခုတင် (၁,၀၀၀) တို့တွင် ဓာတ်ခွဲနမူနာပေါင်း (၁၀၂၈)ခုကို ဓာတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~