လာအိုနိုင်ငံ မြန်မာရွာ(ရခိုင်ရွာ)တွင် ပြည်တော်ပြန် အတည်ပြုလူနာ Case 311 နှင့် ထိတွေ့ အတူနေခဲ့သည့် (၄)ဦးကို ဓါတ်ခွဲစစ်ဆေးရာ Covid-19 ပိုးမတွေ့ကြောင်း အဖြေထွက်

လာအိုနိုင်ငံ မြန်မာရွာ(ရခိုင်ရွာ)တွင် ပြည်တော်ပြန် အတည်ပြုလူနာ Case 311 နှင့် ထိတွေ့ အတူနေခဲ့သည့် (၄)ဦးကို ဓါတ်ခွဲစစ်ဆေးရာ Covid-19 ပိုးမတွေ့ကြောင်း အဖြေထွက်
ဇူလိုင် 6, 2020
By Tachileik News Agency
လာအိုနိုင်ငံ  မြန်မာရွာ(ရခိုင်ရွာ)တွင် ပြည်တော်ပြန် အတည်ပြုလူနာ Case 311 နှင့် ထိတွေ့ အတူနေခဲ့သည့် (၄)ဦးကို ဓါတ်ခွဲစစ်ဆေးရာ Covid-19 ပိုးမတွေ့ကြောင်း အဖြေထွက်

လာအိုနိုင်ငံမှ ပြန်လာပြီး  Covid-19 ပိုး စစ်ဆေးတွေ့ရှိရသည့် Case - 311 နှင့် ပတ်သက်၍ လာအိုနိုင်ငံ တုန်ဖိန်းမြို့နယ်အတွင်း ရွှေတြိဂံဒေသ မြန်မာရွာ(ရခိုင်ရွာ)တွင် အတည်ပြုလူနာနှင့် အတူနေထိုင်ခဲ့သည့် (၄)ဦးကို လာအိုဘက်မှ ဇူလိုင်လ(၅)ရက်နေ့ နံနက်ပိုင်းက ဓါတ်ခွဲနမူနာ ယူရပြီး စစ်ဆေးမှုများ ပြုလုပ်ရာ Covid-19 ပိုး မတွေ့ရကြောင်း သိရသည်။

"ဓါတ်ခွဲခန်း အဖြေထွက်လာပြီ။ (၄)ဦးလုံး ဘာပိုးမှ မရှိဘူး၊ ဒါပေမဲ့ သူတို့ကို Quarantine (၅)ရက်ထားပြီးတော့ ဒုတိယအကြိမ် ပြန်စစ်ပြီးတော့မှ ပြန်လည် အလုပ်လုပ်ဖို့ နေရာပြန်ချပေးမှာပါ"ဟု လာအိုနိုင်ငံ ရွှေတြိဂံဒေသမှ  မြန်မာရွာ(ရခိုင်ရွာ)အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အတည်ပြုလူနာနှင့်အတူ အတူနေထိုင်ခဲ့သူ နှင့် နီးစပ်သူ အပါအဝင် (၄)ဦးဖြစ်သည့် ကိုတေဇာအောင်၊ ကိုအေးမင်းထွန်း၊ ကိုအောင်စိုး နှင့် ကိုတင်မျိုးအောင်တို့ကို စစ်ဆေးထားပြီး ပထမအကြိမ် စစ်ဆေးမှုတွင် ပိုးမတွေ့၍ ဒုတိယအကြိမ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောက်မှ Covid-19 ပိုး တွေ့ရှိရသည့် လာအိုနိုင်ငံ မြန်မာရွာ(ရခိုင်ရွာ)မှ ပြန်လာသူ Case - 311 သည် အသက်(၄၀)ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး တိုက်ကြီးမြို့နယ် ဇာတိဖြစ်ကြောင်း နှင့် ၎င်းနှင့်ပတ်သက်၍ လာအိုနိုင်ငံ မြန်မာရွာ(ရခိုင်ရွာ)တွင် ကူးစက်မှုများ မရှိစေရန်အတွက် လာအိုဘက်မှ တာဝန်ရှိသူများက စစ်ဆေးမှုများကို ဇူလိုင်လ(၅)ရက်နေ့က စ၍ လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

လာအိုနိုင်ငံမှ ပြန်လာသည့် အတည်ပြုလူနာ Case - 311 သည် ၂၀၂၀ခုနှစ် ဇွန်လ(၂၄)ရက်နေ့က ပြန်လာပြီးနောက် ဓါတ်ခွဲစစ်ဆေးရာက Covid-19 ပိုးတွေ့ရှိကြောင်းကို ဇူလိုင်လ(၄)ရက်နေ့က ကျန်းမာရေးက သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~