အမျိုးသမီးတစ်ဦးအား ပစ္စည်းလုယက်ပစ်သတ်ခဲ့သည့် တပ်မတော်သား (၂) ဦးကို အမြင့်ဆုံးပြစ်ဒဏ်ချမှတ်

အမျိုးသမီးတစ်ဦးအား ပစ္စည်းလုယက်ပစ်သတ်ခဲ့သည့် တပ်မတော်သား (၂) ဦးကို အမြင့်ဆုံးပြစ်ဒဏ်ချမှတ်
ဇူလိုင် 31, 2020
By Tachileik News Agency

အမျိုးသမီးတစ်ဦးအား ပစ္စည်းလုယက်ပစ်သတ်ခဲ့သည့် တပ်မတော်သား (၂) ဦးကို အမြင့်ဆုံးပြစ်ဒဏ်ချမှတ်

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာ၌ အမျိုးသမီးတစ်ဦးထံမှ ပစ္စည်းလုယက်ပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် တပ်မတော်သားနှစ်ဦးအား ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့၌ စစ်တရားရုံးက အမြင့်ဆုံးပြစ်ဒဏ် ချမှတ်လိုက်သည်ဟု တပ်မတော်က ဇူလိုင်လ (၃၁)ရက်နေ့၌ သတင်းထုတ်ပြန်သည်။

ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာတွင် ဇူလိုင်လ (၁၆) ရက်နေ့က တပ်မတော်သား (၂) ဦးသည် အုပ်ချုပ်ရေးမှူး၏ဇနီး ဒေါ်မုနော်ထံမှ ပစ္စည်းလုယက်ခဲ့သည့်အပြင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေါ်မုနော် သေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လုယက်ပစ်ခတ်မှုနှင့်ပတ်သက်၍ တပ်သား သန်းစိုးလွင်နှင့် ဟိန်းမင်းထက်တို့သည် ဇူလိုင်လ (၁၇) ရက်နေ့၌ ပြန်လည်အဖမ်းခံခဲ့ပြီး စစ်စည်းကမ်းဥပဒေအရ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်တရားရုံးဖြင့် စစ်ဆေးဆောင်ရွက်ရာသို့ ဘီးလင်းမြို့နယ်၊ ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းခိုင်၊ ကျားကွင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမန်းပီး၊ ရင်းအုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေလင်းဦး၊ ဒညင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဝင်း၊ ကဇိုင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြည်ဆွဲ တို့အပါအဝင် အခြားရပ်မိရပ်ဖ (၁၁) ဦး စုစုပေါင်း (၁၆) ဦးတို့ တက်ရောက်လေ့လာခဲ့ကြသည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြည့်စွက်ချက်။  ။ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြစ်ဒဏ်မည်မျှချမှတ်သည်ကို ထုတ်ပြန်ထားခြင်းမရှိဘဲ အမြင့်ဆုံးပြစ်ဒဏ်ဟုသာ သတင်းထုတ်ပြန်ထားရှိသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~