တာချီလိတ်သို့ ဇူလိုင်(၈)ရက်နေ့တွင် ထိုင်းနိုင်ငံမှ ပြည်တော်ပြန်များ နှင့် ဖမ်းဆီးခံရ၍ ပြန်လွှဲမည့် သူများ အပါအဝင် မြန်မာနိုင်ငံသား (၁၇၀)ကျော် ဝင်ရောက်မည်

တာချီလိတ်သို့ ဇူလိုင်(၈)ရက်နေ့တွင် ထိုင်းနိုင်ငံမှ ပြည်တော်ပြန်များ နှင့် ဖမ်းဆီးခံရ၍ ပြန်လွှဲမည့် သူများ အပါအဝင် မြန်မာနိုင်ငံသား (၁၇၀)ကျော် ဝင်ရောက်မည်
ဇူလိုင် 7, 2020
By Tachileik News Agency
တာချီလိတ်သို့ ဇူလိုင်(၈)ရက်နေ့တွင် ထိုင်းနိုင်ငံမှ ပြည်တော်ပြန်များ နှင့် ဖမ်းဆီးခံရ၍ ပြန်လွှဲမည့် သူများ အပါအဝင် မြန်မာနိုင်ငံသား (၁၇၀)ကျော် ဝင်ရောက်မည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား (၁၆၆) ဦးနှင့်  ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့လွှဲပြောင်းခံရသူ (၈)ဦးတို့ကို ၂၀၂၀ ခုနှစ် ဇူလိုင်လ (၈) ရက်နေ့တွင် ပြန်လည်လက်ခံနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားပြီဖြစ်သည်။

မနက်ဖြန် နေ့လယ်မှာ လက်ခံမယ်။ မြို့နယ်အားကစားကွင်းထဲမှာ လက်ခံမယ်။ တာချီလိတ်မြို့ခံတွေကိုပဲ Quarantine ထားမယ်။ ကျန်တဲ့သူတွေကိုတော့ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်အလိုက်ပြန်လွှဲပေးပါမယ်

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ (၇)ရက်နေ့၌ ပြောသည်။

နှစ်နိုင်ငံနယ်စပ်ဖြစ်သည့် မယ်ဆိုင်ချောင်းမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်သူများ အပါအဝင် အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီးနောက် ပြစ်ဒဏ်ကျခံပြီး မြန်မာနိုင်ငံသား (၈) ဦးကို မယ်ဆိုင်ဘက်မှ တာဝန်ရှိသူများက တာချီလိတ်မြို့သို့ လွှဲပြောင်းပေးမည်ဖြစ်ရာ ၎င်းတို့ကို တာချီလိတ်မြို့ မိုးကုတ်ဝိပဿနာတရားရိပ်သာ Quarantine စင်တာတွင် ဓာတ်ခွဲအဖြေရသည်အထိ ထားရှိပြီးမှ နေရပ်ပြန်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမယ်ဆိုင်မြို့မှ တာချီလိတ်မြို့သို့ ပြန်လည်ဝင်ရောက်မည့် မြန်မာနိုင်ငံသား (၁၆၆) ဦးအနက် တာချီလိတ်မြို့မှ (၁၈) ဦး ပါဝင်မည်ဖြစ်ရာ ၎င်းတို့ကို ဓာတ်ခွဲအဖြေရသည်အထိ မိုးကုတ်ဝိပဿနာတရားရိပ်သာ၌ ထားရှိကာ ဓာတ်ခွဲအဖြေရပြီးပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ၌ quarantine (၂၁)ရက်ပြည့်သည်အထိ နေထိုင်ကြရမည်ဖြစ်သည်။

ကျန်ဒေသများမှ ပြည်တော်ပြန်များကို စီစဉ်ပေးထားသည့် မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာ ဒေသများသို့ ချက်ချင်းပြန်ပို့ကာ နေရပ်အသီးသီး၌ quarantine ဝင်ပြီး ဓာတ်ခွဲစစ်ဆေးကြရမည်ဖြစ်သည်။

ပုံအညွန်း - ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ဓမ္မစကူးလ်ကျောင်းတော်(မယ်ဆိုင်)တွင် ယာယီထားရှိစဉ်

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ဦးထွန်း(မယ်ဆိုင်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~