ထိုင်းနိုင်ငံတွင် အစားထိုး သင်္ကြန်ပွဲတော်ကို ဇူလိုင် (၄)ရက်၌ စတင်ကျင်းပရန် လျာထား

ထိုင်းနိုင်ငံတွင် အစားထိုး သင်္ကြန်ပွဲတော်ကို ဇူလိုင် (၄)ရက်၌ စတင်ကျင်းပရန် လျာထား
ဇွန် 3, 2020
By 🌸
ထိုင်းနိုင်ငံတွင် အစားထိုး သင်္ကြန်ပွဲတော်ကို ဇူလိုင် (၄)ရက်၌ စတင်ကျင်းပရန် လျာထား

ထိုင်းနိုင်ငံက COVID 19 ကြောင့် ဧပြီလက မကျင်းပခဲ့ရသည့် သင်္ကြန်ကာလကို မိုးရာသီဖြစ်သည့် ဇူလိုင်လတွင် အစားထိုးပြန်လည်ကျင်းပမည်ဖြစ်ပြီး လူစုလူဝေးမဖြစ်စေရန် တင်းကြပ်စွာ စီမံဆောင်ရွက်သွားမည်ဟု သိရသည်။

“ကျွန်တော်တို့ အများကြီးတော့ သတိထားစဉ်းစားဖို့လိုတယ်”

ဟု ယဉ်ကျေးမှုဝန်ကြီး Ittipol Khunpluem က ပြောသည်။

သင်္ကြန်ပွဲတော်ကို အစားထိုးကျင်းပရန် လျာထားသည့်အစီအစဉ်အရ ဇူလိုင်လ (၄)ရက်နေ့မှ (၆)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကာ သင်္ကြန်နှင့်တွဲသည့် အစားထိုးပိတ်ရက်အဖြစ် ဇူလိုင် (၇)ရက်နေ့မှ (၉)ရက်အထိ ပေးရန်စီစဉ်ထားရာ စုစုပေါင်း ပိတ်ရက် (၆)ရက် ရရှိကြမည်ဖြစ်သည်။

အဆိုပါ လျာထားအစီအစဉ်ကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့ အစည်းအဝေး၌ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

Source: Khaosod
Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~