တာချီလိတ်တွင် အသွားအလာကန့်သတ်ထားသည့် ထိုင်းနေရပ်ပြန် (၉၃) ဦး၏ ဓာတ်ခွဲအဖြေတွင် ပိုးမတွေ့

တာချီလိတ်တွင် အသွားအလာကန့်သတ်ထားသည့် ထိုင်းနေရပ်ပြန် (၉၃) ဦး၏ ဓာတ်ခွဲအဖြေတွင် ပိုးမတွေ့
ဇွန် 6, 2020
By 🌸
တာချီလိတ်တွင် အသွားအလာကန့်သတ်ထားသည့် ထိုင်းနေရပ်ပြန် (၉၃)  ဦး၏ ဓာတ်ခွဲအဖြေတွင် ပိုးမတွေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုးကုတ်ဝိပဿနာတရားရိပ်သာနှင့် ပြည်သူ့ဆေးရုံ၌ထားရှိသည့် ထိုင်းနိုင်ငံမှ နေရပ်ပြန် (၉၃) ဦး၏ COVID 19 ဓာတ်ခွဲစစ်ဆေးမှုတွင် ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့ နံနက်ပိုင်း၌ ဓာတ်ခွဲအဖြေရလာပြီဖြစ်၍ နေ့လယ် (၁၁)နာရီတွင် နေရပ်အသီးသီးသို့  ပြန်လည်ပို့ဆောင်မည် ဖြစ်သည်။

“အခု မိုးကုတ်ရိပ်သာက (၉၃)ယောက်က ဓာတ်ခွဲအဖြေထွက်လာပြီမို့ နေ့လယ် (၁၁)နာရီမှာ နေရပ်ပြန်လွှတ်မှာပါ။ မနေ့က ဝင်လာတဲ့သူတွေကို မိုးကုတ်ရိပ်သာကို ပြန်ရွှေ့ထားမှာပါ”

ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ နေရပ်ပြန် (၆၀)နှင့် ပြစ်ဒဏ်စေ့၍ ပြန်လွှဲသူ (၃၂)ဦးကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂)ရက်နေ့က လက်ခံထားပြီး မိုးကုတ်ဝိပဿနာတရားရိပ်သာတွင် အသွားအလာကန့်သတ်ထားပြီး မယ်ဆိုင်ဘက်မှ ဆေးကုပြီး ပြန်လာသူတစ်ဦးကို ပြည်သူ့ဆေးရုံရှိ သီးသန့်စောင့်ကြည့်ကုသခန်းတွင် ထားရှိကာ COVID 19 ဓာတ်ခွဲစစ်ဆေးပြီး ပိုးမတွေ့ကြောင်း ဓာတ်ခွဲအဖြေရလာခြင်းဖြစ်သည်။

တာချီလိတ်တွင် ဇွန်လ (၅)ရက်နေ့က လက်ခံထားသည့် ထိုင်းနေရပ်ပြန် (၅၀) ဦးနှင့် ပြစ်ဒဏ်စေ့ (၂၆) ဦး စုစုပေါင်း (၇၆)ဦးကို ယာယီထားရှိရာနေရာမှနေ၍ မိုးကုတ်ဝိပဿနာတရားရိပ်သာရှိ quarantine center သို့ ပြောင်းရွှေ့ထားရှိမည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်မှနေရပ်ပြန်များကို နယ်စပ်မြို့တွင် ယာယီအသွားအလာကန့်သတ်ကာ COVID 19 ဓာတ်ခွဲစစ်ဆေးပြီးမှ နေရပ်ဒေသ အသီးသီးတွင် (၂၁)ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~