တာချီလိတ်မြို့မှ (၆၄)ဦး၏ Covid-19 ဓါတ်ခွဲနမူနာများကို ဇွန်လ(၂၉)ရက်နေ့တွင် ရယူကာ ရန်ကုန်သို့ ပို့စစ်ထား

တာချီလိတ်မြို့မှ (၆၄)ဦး၏ Covid-19 ဓါတ်ခွဲနမူနာများကို ဇွန်လ(၂၉)ရက်နေ့တွင် ရယူကာ ရန်ကုန်သို့ ပို့စစ်ထား
ဇွန် 29, 2020
By Tachileik News Agency

တာချီလိတ်မြို့မှ (၆၄)ဦး၏ Covid-19 ဓါတ်ခွဲနမူနာများကို ဇွန်လ(၂၉)ရက်နေ့တွင် ရယူကာ ရန်ကုန်သို့ ပို့စစ်ထား

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးကြောင့် ဖမ်းဆီးခံရပြီး သတ်မှတ်ပြစ်ဒဏ်စေ့လို့ တာချီလိတ်ကိုလွှဲပြောင်းလာသူတွေနဲ့ ထိုင်းနိုင်ငံနဲ့ လာအိုနိုင်ငံကနေ ပြည်တော်ပြန်လာသူတွေထဲက တာချီလိတ်မြို့ခံတွေကို မိုးကုတ်ဝိပသနာတရားရိပ်သာမှာ Quarantine ထားရှိပြီး ၂၀၂၀ ခုနှစ် ဇွန်လ (၂၉) ရက်နေ့မှာ COVID-19 စစ်ဆေးဖို့အတွက် ဓာတ်ခွဲနမူနာတွေကို ရယူခဲ့ပါတယ်။

quarantine center က (၆၂) ဦးနဲ့ တာချီလိတ်ခရိုင်ဆေးရုံကြီးက စောင့်ကြည့်လူနာ (၁) ဦး အပါအဝင် လူနာစောင့် (၁) ဦး၊ စုစုပေါင်း (၆၄) ဦးရဲ့ ဓာတ်ခွဲနမူနာတွေပေးပို့ထားတာဖြစ်တယ်လို့ တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး  ပြောပါတယ်။

ယခင်က တာချီလိတ်မြို့မှာ ထိုင်းနိုင်ငံနဲ့ လာအိုနိုင်ငံကပြန်လာသူတွေကို quarantine center မှာထားရှိပြီး COVID-19 Negative အဖြေထွက်မှ သက်ဆိုင်ရာနေရပ်အသီးသီးကို ပြန်လွှတ်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ထိုင်းနိုင်ငံကသတ်မှတ်ပြစ်ဒဏ်စေ့လို့  ပြန်လည်လွှဲပြောင်းလာသူတွေနဲ့ နေရပ်ပြန်တွေထဲက တာချီလိတ်ဒေသခံတွေကိုသာ quarantine center မှာထားရှိပြီး ကျန်တဲ့သူတွေကိုတော့ သက်ဆိုင်ရာနေရပ်အသီးသီးကို မော်တော်ယာဉ်တွေနဲ့ ချက်ခြင်းပို့ဆောင်ပေးနေတာဖြစ်ပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက် ၊ ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~