တာချီလိတ်၌ ယာယီ Quarantine ထားသည့် ထိုင်းမှနေရပ်ပြန် (၇၆)ဦးတွင် COVID 19 ပိုးမတွေ့

တာချီလိတ်၌ ယာယီ Quarantine ထားသည့် ထိုင်းမှနေရပ်ပြန် (၇၆)ဦးတွင် COVID 19 ပိုးမတွေ့
ဇွန် 1, 2020
By 🌸
တာချီလိတ်၌ ယာယီ Quarantine ထားသည့် ထိုင်းမှနေရပ်ပြန် (၇၆)ဦးတွင် COVID 19 ပိုးမတွေ့

 ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် Quarantine ထားရှိသည့် ထိုင်းနိုင်ငံမှ နေရပ်ပြန် (၄၈) ဦးနှင့် ပြစ်ဒဏ်စေ့၍ လွှဲပြောင်းပေးလာသူ (၂၈) ဦး စုစုပေါင်း (၇၆)ဦးမှာ COVID 19 ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့၌ ဓါတ်ခွဲအဖြေရထားသည်။

“အားလုံးရဲ့ ဓာတ်ခွဲအဖြေ Negative ဖြစ်ပါတယ်။ သူတို့ကို ဒီမှာ (၃)ညအိပ်၊ (၄)ရက်နေထိုင်ပြီးကြောင်းနဲ့ COVID 19 ပိုးမတွေ့ကြောင်း ထောက်ခံစာတော့ ထုတ်ပေးလိုက်မှာ။ သူတို့နေရပ်အသီးသီးမှာ (၂၁)ရက် quarantine ဝင်ရမှာ။ ကျွန်တော်တို့က ဒီမှာထိန်းပြီးတော့ Negative ဖြစ်မှ သူ့နေရာတွေကို ပြန်လွှတ်ဖို့ အဲဒီလိုလုပ်တာ”

ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသူ (၃)လသားအရွယ် ကလေးငယ်အပါအဝင် (၄၈) ဦးနှင့် ပြစ်ဒဏ်စေ့၍ လွှဲပြောင်းပေးလာသူ (၂၈) ဦး စုစုပေါင်း (၇၆)ဦးကို မေလ (၂၉)ရက်နေ့၌ မယ်ဆိုင်ဘက်မှ တာချီလိတ်ဘက်သို့ လွှဲပြောင်းပေးလာရာ တာချီလိတ်ရှိ မိုးကုတ်ဝိပဿနာတရားရိပ်သာတွင် ဖွင့်လှစ်ထားသည့် Quarantine Center တွင် ထားရှိပြီး ဓါတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ခြင်းဖြစ်သည်။

နယ်စပ်ဝင်ပေါက်များမှလာသည့် နေရပ်ပြန်များမှ COVID 19 ကူးစက်မှုကို ထိန်းချုပ်ရန်အတွက် နေရပ်ပြန်များအား နယ်စပ်မြို့ရှိ facility quarantine center တွင် ယာယီထားကာ ဓာတ်ခွဲနမူနာရယူစစ်ဆေးပြီးမှ နေရပ်ဒေသများသို့ ပြန်ပို့ကာ (၂၁)ရက် quarantine ဝင်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေလကုန်မှစ၍ ပြောင်းလဲဆောင်ရွက်နေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~