ရဲတပ်ဖွဲ့ အပါအဝင် ပြည်ထဲရေး လက်အောက်ရှိ တပ်ဖွဲ့ဝင်များ (၄)လစီမံချက်ဖြင့် ဗိုက်ပူနှင့် အဝလွန် ကိုယ်အလေးချိန် လျှော့ရမည်

ရဲတပ်ဖွဲ့ အပါအဝင် ပြည်ထဲရေး လက်အောက်ရှိ တပ်ဖွဲ့ဝင်များ (၄)လစီမံချက်ဖြင့် ဗိုက်ပူနှင့် အဝလွန် ကိုယ်အလေးချိန် လျှော့ရမည်
ဇွန် 8, 2020
By Tachileik News Agency
ရဲတပ်ဖွဲ့အပါအဝင် ပြည်ထဲရေးလက်အောက်ရှိ တပ်ဖွဲ့ဝင်များ (၄)လစီမံချက်ဖြင့် ဗိုက်ပူနှင့် အဝလွန် ကိုယ်အလေးချိန် လျှော့ရမည်

ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ တပ်ဖွဲ့ဝင်များ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းကို (၄)လအတွင်း ဆောင်ရွက်ရန် ညွှန်ကြားချက်ဖြင့် သက်ဆိုင်ရာ တပ်ဖွဲ့များအလိုက် လုပ်ဆောင် နေကြပြီဖြစ်ကြောင်း သိရသည်။

“ကိုယ်အလေးချိန်ကို ကိုယ့်အရပ်အမြင့်အလိုက် သတ်မှတ်ချက် ကိုယ်အလေးချိန်ကို ထိန်းသိမ်းရမှာပေါ့။ သူကတော့ အကြမ်းဖျဉ်းအားဖြင့် (၄) လလောက်အတွင်း ဝိတ်လျှော့ကြဖို့ ညွှန်ကြားထားတာတော့ရှိပါတယ်။ ညွှန်ကြားထားတာကတော့ လွန်ခဲ့တဲ့ တစ်လလောက်ကပါ။ အခုဆိုရင် လမ်းလျှောက်တာတို့ အားကစားလုပ်တာတို့တော့ လုပ်နေကြတာပေါ့။ အဓိကကတော့ အရမ်းဝတာတွေမရှိဘဲ ကျန်းမာနေတဲ့ တပ်ဖွဲ့ဝင်တွေဖြစ်အောင် ရည်ရွယ်တာပါ”ဟု အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့တွင် ပြောသည်။

ရဲတပ်ဖွဲ့အပါအဝင် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အကျဉ်းဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့များပါ ဗိုက်ပူနေခြင်း၊ ကိုယ်အလေးချိန်လွန်နေခြင်းများ ကိုယ်အလေးချိန်ထိန်းခြင်းကို (၄)လအတွင်း ဆောင်ရွက်ရန် မေလအတွင်းက ညွှန်ကြားချက်ကို တပ်ဖွဲ့အဆင့်ဆင့်သို့ ထပ်ဆင့် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဆီကိုတော့ ညွှန်ကြားချက်က မေလကုန်လောက်က ရောက်တယ်။ ရောက်လာတော့ တပ်ဖွဲ့ဝင်တွေကတော့ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် လေ့ကျင့်ခန်းလုပ်တာတွေ လုပ်နေကြပါပြီ”ဟု အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု (တာချီလိတ်ခရိုင်) တပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်မင်းသိန်းက ပြောသည်။

အဆိုပါညွှန်ကြားချက်အရ ကိုယ်အလေးချိန်လွန်နေသည့် တပ်ဖွဲ့ဝင်များအနေဖြင့် လေ့ကျင့်ခန်းလုပ်ခြင်းကို စတင်ဆောင်ရွက်နေကြပြီဖြစ်ကြောင်း သိရသည်။

“အပတ်စဉ် လေးရက်ကို ပြေးတယ်။ လေ့ကျင့်ခန်းလုပ်တယ်။ ဝ တဲ့သူတွေ  လေ့ကျင့်ခန်းလုပ်နေကြတာပေါ့။ လေးလအတွင်း လျှော့ရမယ်ပြောတယ်”ဟု တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြန်မာနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း ဗိုက်ပူ၊ အဝလွန်နေသည့် ရဲတပ်ဖွဲ့ဝင်များရှိနေခြင်းက ရဲလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်ကျဆင်းစေသည့်အတွက် နှစ်ပတ်ကြာသင်တန်းဖြင့် ကိုယ်အလေးချိန်လျှော့ချခြင်းကို ၂၀၁၉ ခုနှစ်က အစဥ်တစ်စိုက် လုပ်ဆောင်နေသည်ကိုလည်း ထိုင်းနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

 Tachileik News Agency
သတင်း - ချယ်ရီထိုက်
Photo: Love Police

ထိုင်းနိုင်ငံတွင် ၂၀၁၉ခုနှစ်က ဗိုက်ပူနှင့် အဝလွန် ကိုယ်အလေးချိန် လျှော့နေပုံ
ထိုင်းနိုင်ငံတွင် ၂၀၁၉ခုနှစ်က ဗိုက်ပူနှင့် အဝလွန် ကိုယ်အလေးချိန် လျှော့နေပုံ
ထိုင်းနိုင်ငံတွင် ၂၀၁၉ခုနှစ်က ဗိုက်ပူနှင့် အဝလွန် ကိုယ်အလေးချိန် လျှော့နေပုံ

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~