တရားမဝင် နယ်စပ်ပေါက်များမှ ခိုးဝင်လာသူများကြောင့် COVID 19 ပြန့်ပွားနိုင်၍ ခိုးဝင်လာသူအပြင် လက်ခံထားသူများကိုပါ အရေးယူမည်

တရားမဝင် နယ်စပ်ပေါက်များမှ ခိုးဝင်လာသူများကြောင့် COVID 19 ပြန့်ပွားနိုင်၍ ခိုးဝင်လာသူအပြင် လက်ခံထားသူများကိုပါ အရေးယူမည်
ဇွန် 10, 2020
By Tachileik News Agency

တရားမဝင် နယ်စပ်ပေါက်များမှ ခိုးဝင်လာသူများကြောင့် COVID 19 ပြန့်ပွားနိုင်၍ ခိုးဝင်လာသူအပြင် လက်ခံထားသူများကိုပါ အရေးယူမည်

မြန်မာနိုင်ငံအတွင်း နိုင်ငံတွင်းသို့ ပြည်ပမှဝင်လာသူအားလုံးကို Quarantine ထားရှိပြီး COVID 19 စစ်ဆေးခြင်းများကို လုပ်ဆောင်နေသော်လည်း နယ်စပ်ဝင်ပေါက်များမှနေ၍ တရားမဝင် ခိုးဝင်လာသူများရှိနေ၍ ခိုးဝင်သူများနှင့် လက်ခံထားသူများကို အရေးယူမည်ဟု ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၀)ရက်နေ့၌ ကြေညာထားသည်။

ခိုးဝင်လာသူများကြောင့် COVID 19 ကူးစက်ပြန့်ပွားမှုဖြစ်ပွားနိုင်၍ တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း Coronavirus Disease 2019 (COVID 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ကြေညာထားခြင်းဖြစ်သည်။

COVID 19 ထိန်းချုပ်နိုင်ရေးအတွက် ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူများအနေဖြင့် တရားဝင်နယ်စပ်ဂိတ်များမှသာ ပြန်လာကြရန်နှင့် ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှုများကို လက်ခံကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းထားပြီး COVID 19 စစ်ဆေးခြင်း၊ ကုသခြင်းများကို အခမဲ့ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်တွင်လည်း ထိုင်းနိုင်ငံဘက်မှနေ၍ နယ်စပ်ဖြစ်သည့် မယ်ဆိုင်ချောင်းကိုဖြတ်၍ ခိုးဝင်လာသူများရှိတတ်၍ သက်ဆိုင်ရာတာဝန်ရှိသူများက စောင့်ကြည့်ဖမ်းဆီးရခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~