မြန်မာ - ထိုင်းနယ်စပ်ဂိတ်များ မဖွင့်သေး၍ ထိုင်းနိုင်ငံမှ နေရပ်ပြန်လိုသူများ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်လိုအပ်

မြန်မာ - ထိုင်းနယ်စပ်ဂိတ်များ မဖွင့်သေး၍ ထိုင်းနိုင်ငံမှ နေရပ်ပြန်လိုသူများ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်လိုအပ်
ဇွန် 26, 2020
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်ဂိတ်များ မဖွင့်သေး၍ ထိုင်းနိုင်ငံမှ နေရပ်ပြန်လိုသူများ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်လိုအပ်

မယ်ဆိုင် - တာချီလိတ်နယ်စပ်အပါအဝင် မြန်မာ - ထိုင်းနယ်စပ်ဂိတ်များကို ဖွင့်လှစ်နိုင်ခြင်းမရှိသေး၍ ထိုင်းနိုင်ငံတွင်းမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ နယ်စပ်ဖြတ်ကျော်ခွင့်ပြုချက်လိုအပ်ကြောင်း ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့၌ မြန်မာအလုပ်သမားသံအရာရှိရုံးက အသိပေးထားသည်။

ထိုင်းနိုင်ငံတွင်းမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့်  ပြန်လိုသည့်ရက်ထက် (၄)ရက်ကြို၍  မြန်မာအလုပ်သမားသံအရာရှိရုံးထံ စာရင်းပေးသွင်းရန်လိုအပ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း COVID 19 ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်နှင့် ခရိုင်ဖြတ်ကျော်ခရီးသွားလာမှုကို တားဆီးကန့်သတ်ခြင်းအား ရုပ်သိမ်းလိုက်ပြီဖြစ်၍ မဲဆောက် - မြဝတီဘက်သို့ပြန်မည့် မြန်မာလုပ်သားများအတွက် နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်းပြေးဆွဲပေးနေသည့် အထူးဘတ်စ်ကားအစီအစဉ်ကိုလည်း ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံးထား၍ ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

မယ်ဆိုင် - တာချီလိတ်၊ မဲဆောက် - မြဝတီနှင့် ရနောင်း - ကော့သောင်းဂိတ်များမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိများဖြစ်ကြသည့် ဦးမျိုးမြင့်နိုင် (ဘန်ကောက်) ဖုန်း 09 48845484၊ ဦးဝေလင်းမောင်  (မဲဆောက်) ဖုန်း 0652206953၊ ဦးရဲရန်အောင် (ဘန်ကောက်) ဖုန်း 0652206952၊ ဦးကျော်စိုးဝေ (ရနောင်း) 0652206951 နှင့် ဦးဇော်မင်းထွေး (ချင်းမိုင်) 0990592352 တို့သို့ ဆက်သွယ်နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~