ထိုင်းနိုင်ငံ စမုပရာကန်ရှိ Sino – Thai Engineering Construction Plc မှ မြန်မာအလုပ်သမားတစ်ဦး အသတ်ခံရ

ထိုင်းနိုင်ငံ စမုပရာကန်ရှိ Sino – Thai Engineering Construction Plc မှ မြန်မာအလုပ်သမားတစ်ဦး အသတ်ခံရ
ဇွန် 3, 2020
By 🌸
ထိုင်းနိုင်ငံ စမုပရာကန်ရှိ Sino – Thai Engineering Construction Plc မှ မြန်မာအလုပ်သမားတစ်ဦး အသတ်ခံရ

ထိုင်းနိုင်ငံ၊ စမုပရာကန်ရှိ ဆောက်လုပ်ရေးလုပ်ငန်း၏ အလုပ်သမားများနေထိုင်ရာအခန်းတစ်ခုတွင်  မြန်မာအလုပ်သမားတစ်ဦး ဓါးဒဏ်ရာများစွာဖြင့် သေဆုံးနေသည်ကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့က တွေ့ရသဖြင့် ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။

Sino – Thai Engineering Construction Plc ၏ အလုပ်သမားများ နေထိုင်ရာအဆောက်အဦတွင် နံနက် (၂)နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ခန့်မှန်းထားပြီး အခင်းဖြစ်နေရာအနီးမှ  ခြောက်လက်မအရှည်ဓားတစ်ချောင်းကို တွေ့ထားရကြောင်း သိရသည်။

သေဆုံးသူမှာ မြန်မာနိုင်ငံသား အသက် (၃၂)နှစ်အရွယ် ကိုသိန်းထွန်းဆိုသူဖြစ်ကြောင်း အတည်ပြုထားပြီး အလုပ်သမားများနေထိုင်ရာအဆောက်အဦ၏ အခန်းနံပါတ် D 16 တွင် ဓားဒဏ်ရာအချက်ပေါင်းများစွာဖြင့် သေဆုံးနေသည်ကို ရဲတပ်ဖွဲ့က တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆောက်အဦတွင် မြန်မာနှင့် ကမ္ဘောဒီးယားလုပ်သားများ နေထိုင်ကြခြင်းဖြစ်သော်လည်း အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းစကားပြောတတ်သူများအား စုံစမ်းရာ သိမြင်သူမရှိကြောင်း သိရသည်။

Tachileik News Agency
Source: Bangkok Post


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~