ကျောက်မဲမြို့တွင် Covid-19 ကာကွယ်ရေး သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် တည်းခိုခန်းနှင့်ဧည့်ရိပ်သာ (၅)ခုကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးထား

ကျောက်မဲမြို့တွင် Covid-19 ကာကွယ်ရေး သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် တည်းခိုခန်းနှင့်ဧည့်ရိပ်သာ (၅)ခုကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးထား
ဇွန် 10, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် Covid-19 ကာကွယ်ရေး သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် တည်းခိုခန်းနှင့်ဧည့်ရိပ်သာ (၅)ခုကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးထား

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် Covid-19 ကူးစက်ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေးဌာနက ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာသည့် တည်းခိုခန်းနှင့်ဧည့်ရိပ်သာ (၅)ခုအား ဇွန်လ(၉)ရက်နေ့ကစ၍ ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

"ပြန်လည်ဖွင့်လှစ်ခွင့် လျှောက်ထားလာတဲ့ (၉ )ခုထဲက တည်းခိုခန်းတွေနဲ့ပတ်သက်ပြီး လိုက်နာရမဲ့စည်းကမ်းချက်တွေ၊ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာတဲ့ တည်းခိုခန်း (၅)ခုကို ဖွင့်လှစ်ခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ စည်းကမ်းချက် ပြည့်စုံအောင် မလိုက်နာနိုင်သေးတာတွေကိုတော့ ဖွင့်ခွင့်မပေးသေးပါဘူး၊ အဓိက ကတော့ တည်းခိုခန်းတွေ၊ ဆိုင်တွေကလဲ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာဖို့ လိုသလို၊ ဧည့်သည်တွေ၊ စားသုံးသူတွေကလဲ တစ်ကိုယ်ရည် လိုက်နာရမဲ့ စည်းကမ်းတွေကို လိုက်ိာကြမှသာ ရောဂါ ကူးစက် ပြန့်ပွားမှုကို လျှော့ချထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်"ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်ဦး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တည်းခိုခန်းများ အနေဖြင့် လက်ဆေးရည်များ ထားရှိရန်၊ ဧည့်သည်နှင့် ပတ်သက်၍ ခရီးသွား ရာဇဝင်ရယူရန်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ တိုက်ရိုက်ထိတွေ့မှု မရှိစေပဲ အစားအသောက် ဝန်ဆောင်မှုပေးရန်၊ ဝန်ထမ်းများအနေဖြင့် Face Shield၊ Mask နှင့် လက်အိတ်များ အသုံးပြုရန်  စသဖြင့် လိုက်နာရမည့် စည်းကမ်းများ ကို မြို့နယ်စည်ပင်သာယာရေးဌာနက ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း သိရသည်။

တည်းခိုခန်းများ စည်းကမ်းလိုက်နာမှု ရှိ မရှိစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေး နှင့် ကျန်းမာရေးဦးစီးဌာနစသည့် သက်ဆိုင်ရာဌာနများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၀ခုနှစ် ဇွန်လ(၉)ရက်နေ့က စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ကျောက်မဲမြို့တွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်များတွင်လည်း Covid-19  ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန နှင့် မြို့နယ်စည်ပင်သာယာရေးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား လိုက်နာသည့်ဆိုင်များကိုသာ ဖွင့်လှစ်ခွင့်ပြုထားခြင်း ဖြစ်သည်ဟု သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - ကျောက်မဲ စည်ပင်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~