Page Nav

HIDE

Page Nav

HIDE

Grid

GRID_STYLE

Grid

GRID_STYLE

Classic Header

{fbt_classic_header}

Header Ad

//

Breaking News

latest

ဆောင်းပါးများ

//

တာချီလိတ်မြို့နယ်ရှိ ကျေးရွာအုပ်စု (၄) ခုမှ အိမ်ထောင်စု (၇၀၀) ကျော်အတွက် ပြည်နယ်စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီနှင့် KBZ တို့က စားနပ်ရိက္ခာပံ့ပိုးမည်

တာချီလိတ်မြို့နယ်ရှိ ကျေးရွာအုပ်စု (၄) ခုမှ အိမ်ထောင်စု (၇၀၀) ကျော်အတွက်  ပြည်နယ်စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီနှင့် KBZ တို့က စားနပ်...


တာချီလိတ်မြို့နယ်ရှိ ကျေးရွာအုပ်စု (၄) ခုမှ အိမ်ထောင်စု (၇၀၀) ကျော်အတွက်  ပြည်နယ်စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီနှင့် KBZ တို့က စားနပ်ရိက္ခာပံ့ပိုးမည်

ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄) စုမှ အိမ်ထောင်စု (၇၆၉) စုအတွက် အခြေခံစားသောက်ကုန်များကို ၂၀၂၀ ခုနှစ် ဇွန်လ (၁၃) ရက်နေ့တွင် ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ ဒုတိယအကြိမ်ပေးမယ့် စာရင်းကို တောင်းတယ်။ ကျွန်တော်တို့က အိမ်ထောင်စု (၁,၁၃၂) စုကို ပေးလိုက်တယ်။ သူတို့က စာရင်းလိုချင်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်ကနေ တောင်းတယ်။ ဒုတိယအကြိမ်ပေးမယ့် စာရင်းထဲက ကျေးရွာအုပ်စု (၄) စုကို ရွေးလိုက်တာပေါ့။ ဦးအောင်ကိုဝင်းတို့လှူမယ်ဆိုပြီး ပို့ထားတာပေါ့။ အရင်ထောက်ပံ့တာနဲ့တော့ မတူဘူးပေါ့။ အစိုးရပေးတဲ့နှုန်းတော့ မဟုတ်ဘူး။ ဆန်ဆိုရင် (၃) ပြည်၊ ဆားက (၁၈) ကျပ်သား၊ ဆီက (၂၅) ကျပ်သား၊ ကုလားပဲက (၅၀) ကျပ်သားပေါ့။ (၁၃) ရက်နေ့မှာ ကျေးရွာအုပ်စု (၄) အုပ်စုကို သွားပေးမှာပါ။ အိမ်ထောင်စု (၇၆၉) ပေးမှာပေါ့။ ကျန်တဲ့အိမ်ထောင်စု (၄၀၀) ကျော်လောက်ကို မြို့မိ၊ မြို့ဖတွေ ဝေတဲ့အချိန်မှာ ထည့်ဝေဖို့ စီစဉ်ထားတယ်
ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီဦးဆောင်မှုဖြင့် ကမ္ဘောဇဘဏ်က လှူဒါန်းမည့် အခြေခံစားသောက်ကုန်များကို ဇွန်လ (၉) ရက်နေ့တွင် တာချီလိတ်မြို့သို့ ပို့ဆောင်ထားပြီး ဝေငှပေးမည့် အိမ်ထောင်စုများအတွက် လိုအပ်သည့် စာရင်းအချက်အလက်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဆင့်ရယူပြီး လွှတ်တော်ကိုယ်စားလှယ်များက စိစစ်ရွေးချယ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အခုပေးတာက ထောက်ပံ့ရေးကော်မတီက ပေးတာ။ ကျွန်တော်တို့ စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့က ပေးမယ့်ဟာ မဟုတ်ဘူး။ သူတို့ကဝေမယ့် ပစ္စည်း (၄)မျိုးပြီးရင် တာချီလိတ်က စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့က ဝေမယ့် ပစ္စည်း (၅)မျိုးက နောက်မှ ထပ်ဝေမှာ
ဟု တာချီလိတ်မြို့နယ်အတွင်း စားနပ်ရိက္ခာပံ့ပိုးနေသည့် မြို့မိမြို့ဖ နှင့် လုပ်ငန်းရှင်အဖွဲ့မှ တစ်ဦးဖြစ်သူ ဦးကျော်စွာလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ မိုင်းဖုန်း(က) ကျေးရွာအုပ်စု၊ မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စုနှင့် ဖန်မင်ကျေးရွာအုပ်စုတို့မှ အိမ်ထောင်စု (၇၀၀) ကျော်ကို စိစစ်ရွေးချယ်ထားခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရကိုယ်စား တာချီလိတ်မြို့ မြို့မိ၊ မြို့ဖများမှ တာဝန်ယူလှူဒါန်းမည့် အခြေခံလူတန်းစားများအတွက် ဒုတိယအကြိမ်ထောက်ပံ့မှုမှ အိမ်ထောင်စု (၂၉၂၀) ကို ထောက်ပံ့မည့်အစီအစဉ်ကိုလည်း မကြာမီဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။


Tachileik News Agency
သတင်း - ဟန်စိုးထိုက်









~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~


Header Ad

//