မြန်မာနိုင်ငံသို့ နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ပျံသန်းခြင်းဆိုင်ရာ ယာယီရပ်ဆိုင်းခြင်းကို ဇွန်လ (၃၀) ရက်နေ့အထိ ထပ်တိုး

မြန်မာနိုင်ငံသို့ နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ပျံသန်းခြင်းဆိုင်ရာ ယာယီရပ်ဆိုင်းခြင်းကို ဇွန်လ (၃၀) ရက်နေ့အထိ ထပ်တိုး
ဇွန် 13, 2020
By Tachileik News Agency
မြန်မာနိုင်ငံသို့ နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ပျံသန်းခြင်းဆိုင်ရာ ယာယီရပ်ဆိုင်းခြင်းကို  ဇွန်လ (၃၀) ရက်နေ့အထိ ထပ်တိုး

မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ယာယီကန့်သတ် ရပ်ဆိုင်းခြင်းကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

နိုင်ငံအတွင်း COVID 19 ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များနှင့် ပြည်သူသို့ပန်ကြားချက်အားလုံး၏ သက်တမ်းကို ဇွန်လ (၁၅)ရက်နေ့မှ ဇွန်လ (၃၀) ရက်နေ့သို့ တိုးမြှင့်လိုက်ကြောင်း COVID 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းကဲ့သို့ ကန့်သတ်ကာလထပ်တိုးသည့်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌လည်း အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ကို ဇွန်လ (၃၀) ရက်နေ့အထိ ထပ်မံတိုးမြှင့်ကြောင်း မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သော်လည်း ပြည်တွင်းခရီးစဉ်များအား လေကြောင်းလိုင်းအချို့မှ  ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~