လူမှုကွန်ယက်စာမျက်နှာတွင် အမျိုးသမီးများ၏ ဂုဏ်သိက္ခာထိပါးစေသည့် ရေးသားဖြန့်ဝေမှုများ မပြုလုပ်ရန် လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း

လူမှုကွန်ယက်စာမျက်နှာတွင် အမျိုးသမီးများ၏ ဂုဏ်သိက္ခာထိပါးစေသည့် ရေးသားဖြန့်ဝေမှုများ မပြုလုပ်ရန် လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း
ဇွန် 26, 2020
By Tachileik News Agency

လူမှုကွန်ယက်စာမျက်နှာတွင် အမျိုးသမီးများ၏ ဂုဏ်သိက္ခာထိပါးစေသည့် ရေးသားဖြန့်ဝေမှုများ မပြုလုပ်ရန် လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း

အမျိုးသမီးများ၏ ဂုဏ်သိက္ခာကို လေးစား အသိအမှတ်ပြုရေးနှင့် ဆိုက်ဘာဆက်သွယ်မှုစနစ် အသုံးပြု၍ အနိုင်အထက်ပြုခြင်း (Cyber Bullying) ရှောင်ကြဉ်ကြရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့၌ သတင်းထုတ်ပြန် တိုက်တွန်းလိုက်သည်။

နိုင်ငံဝန်ထမ်းအမျိုးသမီးများကို ရာထူးတိုးခြင်းနှင့် စပ်လျဉ်း၍ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုပြုလုပ်သည့် အမျိုးသားအရာရှိတစ်ဦးကို စုံစမ်းစစ်ဆေးအရေးယူမှုတစ်ခု ဇွန်လအတွင်း ပေါ်ပေါက်လာရာ အမျိုးသမီးများ၏ ဂုဏ်သိက္ခာကို ထိပါးစေသည့် အရေးအသားများ၊ ကာတွန်းသရုပ်ဖေါ်ပုံများ ရေးဆွဲမှုများ၊ ဖြန့်ဝေမှုများ ပြုလုပ်လာခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

လူသားအားလုံးသည် ဂုဏ်သိက္ခာနှင့် အခွင့်အရေးတန်းတူရည်တူရှိကြသဖြင့် မိမိ၏ ဂုဏ်သိက္ခာနှင့်  ထင်ပေါ်ကျော်ကြားမှုအား ပုတ်ခတ်ခြင်းကို မခံရစေရဟူသည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ အချက်ကို ထောက်ပြ၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က သတင်းထုတ်ပြန်ချက် (၇/၂၀၂၀)ဖြင့် သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ လူမှုကွန်ယက်တွင် အမျိုးသမီးများ၏ဂုဏ်သိက္ခာကို ထိပါးစေသည့် ရေးသားပြောဆို၊ သရုပ်ဖေါ်မှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပထမဆုံးအကြိမ်အဖြစ် သတင်းထုတ်ပြန်တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

အမျိုးသမီးများအား ခွဲခြားသည့် မည်သည့်ပြုမူမှု (သို့မဟုတ်) အမူအကျင့်တွင်မဆို ပါဝင်ပတ်သက်ခြင်းမှ ရှောင်ကြဉ်ရန် သဘောတူထားသည့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်တွင် မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံအဖြစ် သဘောတူစာချုပ် ပါဝင်ချုပ်ဆိုထားခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~