တာချီလိတ်မြို့အထွက် မီးပွိုင့်လမ်းဆုံတွင် Free Way (၃) ခု ထပ်မံ တိုးချဲ့မည်ဖြစ်၍ မြို့ဝင်ဆိုင်းဘုတ်ကို ဖယ်ရှား

တာချီလိတ်မြို့အထွက် မီးပွိုင့်လမ်းဆုံတွင် Free Way (၃) ခု ထပ်မံ တိုးချဲ့မည်ဖြစ်၍ မြို့ဝင်ဆိုင်းဘုတ်ကို ဖယ်ရှား
ဇွန် 6, 2020
By Tachileik News Agency
တာချီလိတ်မြို့အထွက် မီးပွိုင့်လမ်းဆုံတွင် Free Way  (၃) ခု ထပ်မံ တိုးချဲ့မည်ဖြစ်၍ မြို့ဝင်ဆိုင်းဘုတ်ကို ဖယ်ရှား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့အဝင် ဟောင်လိတ်မီးပွိုင့်လမ်းဆုံကို Free Way  (၃) ခု ထပ်မံတိုးချဲ့ရန် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ ကျပ်သိန်းပေါင်း (၂၄၀၀)ဖြင့် ၂၀၂၀ ခုနှစ်အတွင်း အပြီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရ ထောက်ပံ့ငွေနဲ့ free way လိုင်း (၃)လိုင်းချဲ့မှာဆိုတော့ မလွတ်တာတွေကို ဖယ်ရှားရှင်းလင်းတာပါ။ မြို့ဝင်ဆိုင်းဘုတ်ကတော့ နှစ်ရှည်လများကတည်းက ရှိခဲ့တာဆိုတော့ အစိုးရအဖွဲ့ကိုလည်း တင်ပြပြီးတော့ ခွင့်ပြုချက်တောင်းပြီးတော့မှ ဒေသအာဏာပိုင်တွေကိုလည်း ခွင့်ပြုချက်တောင်းပြီး လုပ်ထုံးလုပ်နည်းအရ ပူဇော်ပသပြီးမှ ဖျက်လိုက်တာပါ။ မြို့ဝင်ဆိုင်းဘုတ်အကြီးရဲ့ တစ်ဖက်တစ်ချက်မှာ ဖရီးဝေးလိုင်းတွေ ထည့်သွားမှာ။ ကျိုင်းတုံဘက်ကိုသွားမယ်၊ လေယာဉ်ကွင်းဘက်ကို သွားမယ်ဆိုရင် မီးပွိုင့်စောင့်စရာ မလိုတော့ဘဲ ဘေးကနေ free way ကနေ သွားလို့ရသွားမှာပေါ့။ စည်ပင်ဝန်ကြီး ဦးဆောင်မှုနဲ့ ကျွန်တော်တို့ စည်ပင်သာယာရေးဌာနက လုပ်ဆောင်တာပါ

ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ပြောသည်။

ကျိုင်းတုံသွားလမ်း၊ လေဆိပ်သွားရာလမ်းနှင့် မြို့တွင်းသွားရာ မြို့အဝင်နေရာ၌ (၁၂)ပေအကျယ်စီရှိသည့် free way များ လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် လိုအပ်သည်များ ထည့်သွင်းလုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

လမ်းချဲ့မည်ဖြစ်ရာ ယခင်နှစ်ကာလများစွာကတည်းကရှိနေသည့် မြို့အဝင်ဆိုင်းဘုတ်ကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့က ဖယ်ရှားရှင်းလင်းလိုက်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - စည်ပင်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~