တာချီလိတ်မှ COVID-19 စစ်ဆေးရန် ဓာတ်ခွဲနမူနာများ၊ သွေးလွန်တုပ်ကွေးနှင့် ဆင်ခြေထောက်ပိုးစစ်ဆေးရန် သွေးနမူနာများ ရန်ကုန်ပို့ဆောင်

တာချီလိတ်မှ COVID-19 စစ်ဆေးရန် ဓာတ်ခွဲနမူနာများ၊ သွေးလွန်တုပ်ကွေးနှင့် ဆင်ခြေထောက်ပိုးစစ်ဆေးရန် သွေးနမူနာများ ရန်ကုန်ပို့ဆောင်
ဇွန် 29, 2020
By Tachileik News Agency

တာချီလိတ်မှ COVID-19 စစ်ဆေးရန် ဓာတ်ခွဲနမူနာများ၊  သွေးလွန်တုပ်ကွေးနှင့် ဆင်ခြေထောက်ပိုးစစ်ဆေးရန် သွေးနမူနာများ ရန်ကုန်ပို့ဆောင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ Quarantine Center မှ COVID-19 စစ်ဆေးရန် ဓာတ်ခွဲနမူနာများနှင့် သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်ရောဂါ သံသယရှိသူ လူနာများ၏ သွေးနမူနာများကို ၂၀၂၀ ခုနှစ် ဇွန်လ (၂၉) ရက်နေ့တွင် ရန်ကုန်သို့ပို့စစ်ထားသည်။

"Quarantine Center (၂၃) ရက်နေ့ကဝင်တာ (၅၃) ယောက်ရှိတယ်။ (၂၄) ရက်နေ့ကဝင်တာ (၈) ယောက်၊ နောက် PUI (၁) ယောက်၊ လူနာစောင့်ရောဆိုတော့ (၆၄) ယောက်ရှိတာပေါ့။ ဒီနေ့မှာ ဓာတ်ခွဲနမူနာပို့သွားမှာပေါ့။ နောက်တစ်ခုက သွေးလွန်တုပ်ကွေးကို အမျိုးအစားတွေသိနိုင်အောင် Positive ဖြစ်တဲ့ (၅) ယောက်ကို အမျိုးသားကျန်းမာမှုဆိုင်ရာဓာတ်ခွဲဌာနကို ပို့ထားတယ်။ နောက် ဆင်ခြေထောက်လို့ယူဆရတဲ့ အဆစ်အမြစ်ယောင်ပြီးဖျားတဲ့ဟာ အမျိုးသားကျန်းမာမှုဆိုင်ရာဓာတ်ခွဲဌာနကို ဒီနေ့ COVID-19 ပို့ရင်းနဲ့ တခါတည်းပို့တာပေါ့"

ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်သို့ နယ်စပ်မှဝင်လာသည့် ပြည်တော်ပြန်များကို သက်ဆိုင်ရာ ဒေသများအလိုက် အသွားအလာကန့်သတ်၍ ဓာတ်ခွဲစစ်ဆေးခြင်းဖြစ်ရာ ပြည်တော်ပြန်များအနက်မှ တာချီလိတ်မြို့နယ်တွင်း နေထိုင်သူများနှင့် ပြစ်ဒဏ်စေ့လွှဲပြောင်းခံရသူများကို Quarantine Center တွင် ထားရှိကာ (၇)ရက်ပြည့်သည့်နေ့တွင် ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်းဖြစ်သည်။

ယင်းအပြင် တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ၂၀၂၀ ခုနှစ် ဇွန်လအတွင်း သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်ခြေထောက်ရောဂါနှင့် ဆင်တုပ်ကွေးရောဂါများ အဖြစ်များနေပြီး အသက်ဆုံးရှုံးမှုလည်းရှိနေ၍ သွေးပို့စစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~