ကယားပြည်နယ် လွိုင်ကော် မြို့နယ်ခန်းမတွင် အဖျားရောဂါ အခမဲ့ကုဆေးခန်းကို တနင်္ဂနွေမှလွဲ၍ နေ့စဉ်ဖွင့်လှစ်ထားမည်

ကယားပြည်နယ် လွိုင်ကော် မြို့နယ်ခန်းမတွင် အဖျားရောဂါ အခမဲ့ကုဆေးခန်းကို တနင်္ဂနွေမှလွဲ၍ နေ့စဉ်ဖွင့်လှစ်ထားမည်
ဇွန် 3, 2020
By 🌸

ကယားပြည်နယ် လွိုင်ကော် မြို့နယ်ခန်းမတွင် အဖျားရောဂါ အခမဲ့ကုဆေးခန်းကို တနင်္ဂနွေမှလွဲ၍ နေ့စဉ်ဖွင့်လှစ်ထားမည်

COVID-19 ရောဂါကာကွယ်ရေးအတွက် အဖျားရောဂါ အခမဲ့ကုဆေးခန်းကို ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ နယ်ခန်းမတွင် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့မှစ၍  တစ်ရက်နေ့မှစပြီး တနင်္ဂနွေမှလွဲ၍ နေ့စဉ်ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

" ဆေးရုံကြီးတွေမှာ ပြင်ပလူနာတွေလာပြတဲ့ ဝန်ကိုလျှော့ပေးနိုင်အောင်ပေါ့နော်။ နောက်ပြီး စနစ်တကျ ဒီလိုမျိုးဖွဲ့ထားတဲ့ ဒီဆေးခန်းကနေပြီးတော့ ပြင်ပဆေးခန်းတွေမှာ တကယ်လို့ပိုးတွေ့တဲ့လူနာလာပြ တာမျိုးရှိခဲ့ရင် ဆေးခန်းတွေကိုရယ် လာပြတဲ့သူတွေကိုရယ် အဆင့်ဆင့် ကူးတာတွေ လျှော့နိုင်အောင် ဒီလိုဆေးခန်းဖွင့်တာပါ”

ဟု ပြည်နယ်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာဖြိုးမောင်မောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဖျားရောဂါကု အခမဲ့ကုဆေးခန်းအား တနင်္ဂနွေနေ့မှလွဲ၍ နေ့စဉ် နံနက်(၉) နာရီခွဲမှ နေ့လယ် (၁၁) နာရီခွဲအထိလည်းကောင်း၊ နေ့လယ် (၂)နာရီခွဲမှ ညနေ (၄)နာရီခွဲအထိလည်းကောင်း ဖွင့်လှစ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

" ဆေးရုံကြီးမှာဆိုတော့ လူနာကများတယ်။ စောင့်ရတာလည်း ကြာတယ်ပေါ့။ ဒီမှာလာပြလို့ရတယ်လို့ပြောလို့လာပြတာ ပိုအဆင်ပြေတယ်။ အချိန်ကုန်လည်းသက်သာတယ်" 

ဟု လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်မှ ဆေးခန်းလာပြသူ တစ်ဦးက ပြောသည်။

အဖျားရောဂါအခမဲ့ကုဆေးခန်းအား ကယားပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့်  ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊  မြန်မာနိုင်ငံ ဆရာဝန်အသင်း(ကယားပြည်နယ်)၊ ပရဟိတအသင်းများ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

"ဆရာဝန်က မြန်မာနိုင်ငံဆရာဝန်အသင်း (ကယားပြည်နယ်)က ပြင်ပအထွေထွေရောဂါကု ဆရာဝန်တွေပေါ့။ ဆေးရုံကြီးကတော့ လောလောဆယ်မပါသေးပါဘူး။ လောလောဆယ်တော့ ရက်အကန့်အသတ်မရှိ ဖွင့်ထားပါမယ် " 

ဟု ပြည်နယ်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဖြိုးမောင်မောင်က ပြောသည်။

အဆိုပါ ဆေးခန်းသို့ ကိုယ်အပူချိန်မြင့်နေသူများ၊ လည်ချောင်းနာ၊ ချောင်းဆိုး၊ နှာစေးနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ခံစားနေရသည့်လူနာများ လာရောက်ပြသနိုင်မည်ဖြစ်ပြီး အခမဲ့ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

အဖျားရောဂါအခမဲ့ကုဆေးခန်းတွင် မြန်မာနိုင်ငံဆရာဝန်အသင်း(ကယားပြည်နယ်) မှ လုပ်အားပေး ဆရာဝန် (၆)ဦး၊ ပြည်နယ်ကျန်းမာရေး ဦးစီးဌာန မှ သူနာပြု(၁၀) ဦးနှင့် ဒေသခံပရဟိတ Volunteer အဖွဲ့များမှ  ပါဝင်ဆောင်ရွက်နေပြီး နေ့စဉ် ဆရာဝန်တစ်ဦးနှင့် သူနာပြုများက တာဝန်ယူကုသပေးမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ -ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~