ကျောက်မဲတွင် ကျန်းမာရေးစစ်ဆေးသည့် မြို့အဝင်ဂိတ်များ ဖယ်ရှားပြီး မြို့ဝင်လမ်းအားလုံး ပြန်ဖွင့်

ကျောက်မဲတွင် ကျန်းမာရေးစစ်ဆေးသည့် မြို့အဝင်ဂိတ်များ ဖယ်ရှားပြီး မြို့ဝင်လမ်းအားလုံး ပြန်ဖွင့်
ဇွန် 22, 2020
By 🌸
ကျောက်မဲတွင် ကျန်းမာရေးစစ်ဆေးသည့် မြို့အဝင်ဂိတ်များ ဖယ်ရှားပြီး မြို့ဝင်လမ်းအားလုံး ပြန်ဖွင့်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် မြို့အဝင်၌ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ခရီးသွား ရာဇဝင်အချက်အလက် ကောက်ယူနေသည့် စစ်ဆေးရေးဂိတ်များကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့မှစ၍ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း သိရသည်။

“ Check Point ကို ဒီနေ့ကစ ပိတ်လိုက်မှာ ဖြစ်ပါတယ်။ နေရပ်ပြန်တွေနဲ့ ပြည်ပပြန်တွေရှိလာရင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် ကျန်းမာရေးဌာနကို အကြောင်းကြားပြီး Quarantine ဝင်သင့်မဝင်သင့်ဆုံးဖြတ်ပြီးမှ ဆက်လုပ်သွားမှာပါ။ တစ်ပြိုင်တည်းမှာလည်း ပိတ်ထားတဲ့ မြို့အဝင်လမ်းတွေကို ပြန်ဖွင့်ပေးသွားမှာပါ” 

ဟု ကျောက်မဲမြို့နယ် Covid-19 ကူးစက်ရောဂါ တားဆီးကာကွယ် ထိန်းချုပ်ရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၂) ရက်နေ့၊ နေ့လယ်ပိုင်းက ကျင်းပသည့် မြို့နယ်စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး၌ မြို့အဝင်စစ်ဆေးရေးဂိတ်များအား ပိတ်သိမ်းရန်နှင့် ပိတ်ထားသော လမ်းများအား ပြန်ဖွင့်ပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့တွင် COVID 19 ကာကွယ်ရေးအတွက် မတ်လ (၂၆) ရက်နေ့မှစ၍  မြို့အဝင် ပင်လုံလမ်းမကြီးမှလွဲ၍ ကျန်မြို့ဝင်လမ်းများကို ပိတ်ထားခဲ့ပြီး ပင်လုံလမ်းမအဝင်တွင် ကိုယ်အပူချိန် တိုင်းတာခြင်း၊ ခရီးသွားရာဇဝင်မှတ်တမ်းရယူခြင်းများကို ဆောင်ရွက်နေခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကျောက်မဲမြို့၌ Facility Quarantine Center နေရာ (၂) ခုရှိကာ ပြည်ပပြန် စုစုပေါင်း (၂၃) ဦးကို အသွားအလာကန့်သတ်ထားခြင်းဖြစ်သည်။

 Tachileik News Agency
သတင်း၊ ဓါတ်ပုံ - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~