မူဆယ်မြို့က အတည်ပြုလူနာ Case 231 မှာ ကျန်းမာရေး ဝန်ထမ်းဖြစ်နေ

မူဆယ်မြို့က အတည်ပြုလူနာ Case 231 မှာ ကျန်းမာရေး ဝန်ထမ်းဖြစ်နေ
ဇွန် 2, 2020
By Tachileik News Agency
မူဆယ်မြို့က အတည်ပြုလူနာ Case 231 မှာ ကျန်းမာရေးဝန်ထမ်းဖြစ်နေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် မြို့ဝင်၊ မြို့ထွက်နှင့် နယ်စပ်ဝင်ပေါက်များတွင် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများအား ဓာတ်ခွဲနမူနာစစ်ဆေးရာမှ တစ်ဦးတွင် COVID 19 ပိုးတွေ့ရသည်ကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂)ရက်နေ့တွင် ဓာတ်ခွဲအဖြေရရှိထားသည်။

သူက ကျန်းမာရေးမှူး မြို့ဝင်မြို့ထွက်ဂိတ်တို့၊ နယ်စပ်ဝင်ပေါက်တို့မှာ တာဝန်ကျတဲ့ ဝန်ထမ်းတွေကို အားလုံး (၄၅)ယောက်ကို မေလ (၂၉)ရက်နေ့က ဓာတ်ခွဲနမူနာယူပြီး စစ်ပေးတယ်လို့ ပြောတယ်။ စစ်တဲ့အထဲမှာ သူက Positive ဖြစ်တာပေါ့။ လူကတော့ ကျန်းကျန်းမာမာပဲ ဘာရောဂါလက္ခဏာမှ မပြဘူးလို့ ပြောတယ်။ သူ့ကို မူဆယ်ဆေးရုံမှာပဲ ကုသပေးမှာပါ

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၂)ရက်နေ့ ညပိုင်းတွင် ပြောသည်။

လက်ရှိတွင် အဆိုပါ ကျန်းမာရေးဝန်ထမ်းနှင့် ထိတွေ့မှုရှိသူများကို ကျန်းမာရေးဌာနက စာရင်းပြုစုနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဇွန်လ (၂)ရက်နေ့က အသစ်ထပ်တိုးလာသည့် အတည်ပြုလူနာ (၄)ဦးအနက် မူဆယ်မြို့မှ အတည်ပြုလူနာ Case 231 မှာ မည်သည့်ရောဂါလက္ခာဏာမှ မပြသူတစ်ဦးဖြစ်ပြီး နယ်စပ်မှဝင်လာသူများကို အနီးကပ်ထိတွေ့ ကူညီပေးနေသူများကို ကျန်းမာရေးစစ်ဆေးပေးနေရာမှ အတည်ပြုလူနာဖြစ်နေသည်ကို စစ်ဆေးတွေ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် COVID 19 ဓာတ်ခွဲစစ်ဆေးခြင်းကို ယခင်က သံသယလူနာ၊ အတည်ပြုလူနာနှင့် တိုက်ရိုက်ထိတွေ့သူနှင့် ပြည်ပမှပြန်လာ၍ အသွားအလာကန့်သတ်ထားသူများကိုသာ စစ်ဆေးပေးနေရာမှ မေလနောက်ဆုံးပတ်မှစပြီး သံသယလူနာ၊ အတည်ပြုလူနာတို့ဖြင့် ထိတွေ့သူများမှ တစ်ဆင့် ထိတွေ့မှုရှိသူ၊ ပြည်ပမှပြန်လာ၍ အသွားအလာကန့်သတ်ထားသူများနှင့် ထိတွေ့နေသည့် ကျန်းမာရေးဝန်ထမ်း၊ Volunteer များကိုပါ ထပ်တိုးစစ်ဆေးလာခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~