မယ်ဆိုင်နှင့် တာချီလိတ်ကြား နယ်စပ်တံတားပြန်လည်ဖွင့်နိုင်ရေး နှစ်နိုင်ငံအစိုးရအဖွဲ့ထံ တင်ပြနိုင်ရန် အလွတ်သဘော ဆွေးနွေး

မယ်ဆိုင်နှင့် တာချီလိတ်ကြား နယ်စပ်တံတားပြန်လည်ဖွင့်နိုင်ရေး နှစ်နိုင်ငံအစိုးရအဖွဲ့ထံ တင်ပြနိုင်ရန် အလွတ်သဘော ဆွေးနွေး
ဇွန် 24, 2020
By 🌸
မယ်ဆိုင်နှင့် တာချီလိတ်ကြား နယ်စပ်တံတားပြန်လည်ဖွင့်နိုင်ရေး နှစ်နိုင်ငံအစိုးရအဖွဲ့ထံ တင်ပြနိုင်ရန် အလွတ်သဘော ဆွေးနွေး

မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတား ဖွင့်နိုင်မည့် အခြေအနေများကို တာချီလိတ်နှင့် မယ်ဆိုင် နှစ်နိုင်ငံ တာဝန်ရှိသူများ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့ နေ့လယ်ပိုင်းတွင် တာချီလိတ်မြို့၌ ဆွေးနွေးကြပြီး နှစ်နိုင်ငံပြည်ထောင်စုအဆင့် ဆွေးနွေးနိုင်ရေး ဆက်လက်တင်ပြမည်ဖြစ်ကြောင်း သိရသည်။

“အဓိက သူတို့ကတော့ နှစ်နိုင်ငံသတင်းအချက်အလက် လာရောက်ဆွေးနွေးတဲ့ သဘောပါပဲ။ လက်ရှိ COVID 19 ရောဂါဖြစ်ပွားနေတဲ့ အခြေအနေပေါ့။ ကျွန်တော်တို့ ကျန်းမာရေးဌာနက ဆောင်ရွက်နေတဲ့အခြေအနေပေါ့။ ပြီးတော့ သူတို့ကျန်းမာရေးဌာနကနေ ဆောင်ရွက်နေတဲ့ အစီအမံလေးတွေ နှစ်နိုင်ငံလာပြီးတော့ လာရောက်ဆွေးနွေးသွားတာပါ။ ဒီအချက်အလက်တွေပေါ် မူတည်ပြီး နှစ်နိုင်ငံအစိုးရအဖွဲ့အချင်းချင်း နယ်စပ်တံတား ပြန်လည်ဖွင့်လှစ်နိုင်ရေးကိစ္စကို တင်ပြဖို့ အဓိကကတော့ ဒါလေးပါ”

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်နှင့် မယ်ဆိုင် တာဝန်ရှိသူများက နှစ်နိုင်ငံနယ်စပ်တံတား ဖွင့်လှစ်နိုင်မည့်အနေအထားအပြင် လက်ရှိ COVID-19 နှင့်ပတ်သက်ပြီး လက်ရှိဆောင်ရွက်ထားမှုများ၊ နယ်စပ်ဒေသတွင်  သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအခြေအနေ၊ အလိုရှိတရားခံများ ဖမ်းဆီးရမိရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ချောင်းမှတဆင့် တရားမဝင် ဝင်ရောက်နေမှုများကို တားဆီးနိုင်ရေးနှင့် နယ်စပ်ချောင်းတစ်လျှောက် နှစ်နိုင်ငံပူးပေါင်းပြီး သန့်ရှင်းရေးဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးကြသည်။

"လက်ရှိအနေအထားမှာက ကျွန်တော်တို့ဘက်မှာ နောက်ဆုံးညွှန်ကြားချက်အရ Quarantine (၂၁) ရက်ဝင်တဲ့ကိစ္စရှိဦးမယ်။ သူတို့နိုင်ငံမှာလည်း Quantine (၁၄) ရက်ဝင်တဲ့ကိစ္စရှိမယ်။ ဒီလိုရှိတဲ့အတွက် လက်ရှိအနေအထားမှာ ပြန်လည်ဖွင့်လှစ်ဖို့ အလောတကြီးလုပ်လို့မရသေးဘူးဆိုတဲ့ အနေအထားမျိုး သူတို့ဘက်က ဆွေးနွေးသွားတာရှိပါတယ်"

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်နှင့်နယ်စပ် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်အတွင်း COVID-19 ရောဂါပိုးမတွေ့ရှိရသည်မှာ ရက်ပေါင်း (၈၀) ကျော်ရှိနေပြီး မယ်ဆိုင်မြို့ဘက်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၁၅) ဦးရှိနေပြီဖြစ်၍ မိုးတွင်းကာလ ရေကြီးရေလျှံမှုများကာကွယ်နိုင်ရေးအတွက် မယ်ဆိုင်ချောင်းအတွင်း ရေစီးရေလာကောင်းမွန်ရေး နှစ်နိုင်ငံပူးပေါင်းပြီး သန့်ရှင်းရေးလုပ်ဆောင်ရန်ကိုလည်း ဆွေးနွေးခဲ့ကြသည်။

Tachileik News Agency
သတင်း -ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~