တာချီလိတ်တွင် မြို့မဈေးကို လူစုလူဝေး မဖြစ်စေသည့် စနစ်ဖြင့် ဖွင့်လှစ်ထားပြီး ကျန်ဈေးများကိုလည်း ဆက်လက် ဖွင့်နိုင်ရေး စီမံချက်ဆွဲနေ

တာချီလိတ်တွင် မြို့မဈေးကို လူစုလူဝေး မဖြစ်စေသည့် စနစ်ဖြင့် ဖွင့်လှစ်ထားပြီး ကျန်ဈေးများကိုလည်း ဆက်လက် ဖွင့်နိုင်ရေး စီမံချက်ဆွဲနေ
ဇွန် 2, 2020
By Tachileik News Agency
တာချီလိတ်တွင် မြို့မဈေးကို လူစုလူဝေး မဖြစ်စေသည့် စနစ်ဖြင့် ဖွင့်လှစ်ထားပြီး ကျန်ဈေးများကိုလည်း ဆက်လက် ဖွင့်နိုင်ရေး စီမံချက်ဆွဲနေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြို့မဈေး(ဝမ်ကောင်းဈေး)ကို လူစုလူဝေး မဖြစ်စေသည့် စနစ်ဖြင့် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့မှစ၍ ဖွင့်လှစ်ထားပြီး မြို့နယ်အတွင်း ကျန် ဈေးများကိုလည်း လူစုလူဝေးမဖြစ်စေဘဲ ဆက်လက်ဖွင့်လှစ်နိုင်ရန် စီမံချက်ရေးဆွဲနေပြီဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း ပျံကျဈေးသည်များကို လက်ရှိဆောင်ရွက်ထားသည့် COVID 19 ရောဂါကာကွယ်ရေး အစီအမံများဖြင့် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ယာယီပိတ်ထားသည့်  ဈေးများကိုလည်း ရောဂါကာကွယ်ရေး အစီအစဉ်များဖြင့် ဇွန်လ (၁)ရက်နေ့မှစ၍  ပြန်လည်ဖွင့်လှစ်ခွင့်ပြုထား၍ စီမံချက်များ ရေးဆွဲနေခြင်းဖြစ်သည်။

ဝမ်ကောင်းဈေးကတော့ ကျွန်တော်တို့ဌာနဈေးဆိုတော့ စာရင်းဇယားတွေလည်း ရှိနေပြီးဖြစ်လို့ နမူနာရှေ့ကနေပြီး လုပ်တာပါ။ ဝမ်ကောင်းဈေးလို ဈေးရုံအနေအထားကတော့ ဈေးဆိုင်ခန်းတွေများ၊ လူတွေကလည်း ထိတွေ့နိုင်မှုများလို့ နေရာချဲလိုက်တာပေါ့။ ဘုရင့်နောင်ဈေးလိုမျိုးကျတော့ ဈေးဖွဲ့စည်းပုံက အဲဒီလိုလုပ်ဖို့ မလိုဘူးပေါ့။ ဈေးတွေအလိုက် ဖွဲ့စည်းပုံချင်းမတူတော့ ဈေးအလိုက် စီစဉ်ပုံချင်းတော့ မတူပါဘူး

ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ (၂)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့နယ်စည်ပင်နယ်နမိတ်အတွင်း မြို့ပြ၊ ကျေးလက်ဈေး (၁၃) ဈေးရှိနေပြီး စည်ပင်သာယာရေးဌာနမှ တိုက်ရိုက်ကိုင်တွယ်သည့် ဝမ်ကောင်းဈေး (မြို့မဈေး)တွင် ဈေးဆိုင်နံပါတ် စုံဂဏန်းနှင့် မဂဏန်းခွဲလိုက်ကာ ပြက္ခဒိန်ရက် စုံဂဏန်း၊ မဂဏန်းနေ့များအလိုက် ဖွင့်လှစ်ခြင်းဖြင့် လူစုလူဝေးမဖြစ်စေရန် စီစဉ်ထားကြောင်း သိရသည်။

ကျန် ကျေးလက်ဈေးနှင့် မြို့တွင်းရှိ ပုဂ္ဂလိကဈေးများကို COVID 19 ကာကွယ်ရေးအစီအစဉ်များ ဆောင်ရွက်တင်ပြရန် ၂၀၂၀ ခုနှစ် ဇွန်လ (၁) ရက်နေ့တွင် သက်ဆိုင်ရာဈေးကော်မတီအဖွဲ့ဝင်များနှင့် စည်ပင်သာယာရေးဌာနတို့ တွေ့ဆုံဆွေးနွေးထားကြောင်း သိရသည်။

သက်ဆိုင်ရာဈေးအလိုက် ဘာတွေလုပ်နိုင်မလဲဆိုတာ ဆွေးနွေးပြီးတော့ ပြန်တင်ပြခိုင်းထားတယ်။ social distancing အရ ကိုယ်ဈေးကိုယ့်အနေအထားအရ ဘယ်လိုဆောင်ရွက်နိုင်မလဲဆိုတာ ညှိနှိုင်းပြီးတော့မှ ဘယ်လိုရောင်းနိုင်မလဲဆိုတာ တင်ပြခိုင်းထားတယ်

ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းခွန်ဇော်ဦးက ပြောသည်။

ဈေးရုံများတွင် ဆိုင်ခန်းဖြင့် ရောင်းချသူများကိုသာ ရောင်းချခွင့်ပေးထားမည်ဖြစ်ပြီး ပျံကျဈေးသည်များကို လက်ရှိအတိုင်း ရှမ်းရိုးမကွင်း ယာယီဈေးတွင် ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~