တာချီလိတ်ရှိ ဇွဲသာယာကမ်းခြေကို နောက်နှစ်မှ ဖွင့်မည်

တာချီလိတ်ရှိ ဇွဲသာယာကမ်းခြေကို နောက်နှစ်မှ ဖွင့်မည်
ဇွန် 27, 2020
By Tachileik News Agency
တာချီလိတ်ရှိ ဇွဲသာယာကမ်းခြေကို နောက်နှစ်မှ ဖွင့်မည်

နယ်စပ်ဒေသ တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်းက ဇွဲသာယာအပန်းဖြေစခန်းကို တာချီလိတ်ဒေသခံတွေ အပန်းဖြေဖို့အတွက် ၂၀၂၀ ခုနှစ်မှာ တရားဖွင့်လှစ်ခွင့်ရလို့ ဖွင့်လှစ်ခဲ့ပေမယ့် COVID-19 ကြောင့် နှစ်ကုန်အထိပိတ်ထားပြီး နောက်နှစ်(၂၀၂၁)မှ ပြန်ဖွင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အပန်းဖြေစခန်းမှာဖွင့်လှစ်ထားတဲ့ဆိုင်ခန်းတွေက နေ့စဉ်အမှိုက်သိမ်းဆည်းမှုတွေ လုပ်ဆောင်နေပြီး လာရောက်သူတွေအတွက် နေရာတွေစီစဉ်ပေးတဲ့အတွက် နေရာအတွက် အခကြေးငွေကောက်ခံတယ်လို့ ဦးဇွဲက ပြောပါတယ်။

ဇွဲသာယာအပန်းဖြေစခန်းနဲ့ လူနေအိမ်ယာဆောက်လုပ်ခွင့်ရရှိထားပြီး ရင်းနှီးမြှုပ်နှံသူတွေရှိရင် အိမ်ယာတွေဖော်ဆောင်သွားမယ်လို့သိရပါတယ်။

တာချီလိတ်မြို့ မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်းက မဲခေါင်မြစ်ကမ်းဘေး နေရာ (၅) ဧကပေါ်မှာ ဇွဲသာယာအပန်းဖြေစခန်းနဲ့ လူနေအိမ်ယာဆောက်လုပ်ခွင့်ရရှိထားပြီး  အပန်းဖြေစခန်းကို ဆိုင်ခန်း (၄၀) ကျော်နဲ့ ဖွင့်လှစ်ထားပေမယ့် COVID-19 ကြောင့် လက်ရှိမှာ ပိတ်ထားတာဖြစ်ပါတယ်။

 Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက် ၊ ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~