တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း ကျေးလက်ကျန်းမာရေးဌာနခွဲ ဆောက်လုပ်နိုင်ရန်အတွက် ဒေသခံတစ်ဦးက မြေကွက် လှူဒါန်း

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း ကျေးလက်ကျန်းမာရေးဌာနခွဲ ဆောက်လုပ်နိုင်ရန်အတွက် ဒေသခံတစ်ဦးက မြေကွက် လှူဒါန်း
ဇွန် 20, 2020
By Tachileik News Agency
တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း ကျေးလက်ကျန်းမာရေးဌာနခွဲ ဆောက်လုပ်နိုင်ရန်အတွက် ဒေသခံတစ်ဦးက မြေကွက် လှူဒါန်း

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ စန်းလုကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၏ ဌာနခွဲအဆောက်အဦး တည်ဆောက်နိုင်ရေးအတွက် ရန်အောင်မြေရပ်ကွက်မှ မြေပိုင်ရှင်တစ်ဦးက ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့ နေ့လယ်ပိုင်းတွင် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်လှူဒါန်းသည်။

မြေပိုင်ရှင် ဦးယောဟန်က လှူဒါန်းသည့် အဆိုပါ မြေနေရာကို ကျေးလက်ကျန်းမာရေးဌာနခွဲ တည်ဆောက်ခွင့်  တင်ပြလျှောက်ထားမည်ဖြစ်ကြောင်း သိရသည်။

ကျေးလက်ကျန်းမာရေးဌာနခွဲအဖြစ် တင်မယ်။ မြေနေရာလည်းရပြီ။ စာချုပ်စာတမ်းလည်းရှိပြီးဆိုတော့ ပြည်နယ်ကနေတဆင့် နေပြည်တော်ကိုတင်မယ်။ ခွင့်ပြုမိန့်ကျလာမယ်ဆိုရင် အဆောက်အဦတွေရော၊ ဝန်ထမ်းတွေရော ကျလာမှာပေါ့

ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်၊ ရန်အောင်မြေရပ်ကွက်တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ တည်ဆောက်နိုင်ရန်အတွက် ရန်အောင်မြေရပ်ကွက်အတွင်း အလျား (၇၈) ပေ၊ အနံ (၅၈) ပေရှိ မြေနေရာကို မြေပိုင်ရှင် ဦးယောဟန် မိသားစုက လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~