မိုင်းယောင်းမြို့တွင် အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိ

မိုင်းယောင်းမြို့တွင် အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိ
ဇွန် 28, 2020
By Tachileik News Agency

မိုင်းယောင်းမြို့တွင် အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိ

တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိ၍ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် ဝမ်ကောင်းကျေးရွာအုပ်စု၊ ဝမ်ဟိုနားကျေးရွာရှိ ဦးနွဲ့လှိုင်းဆိုသူ၏ နေအိမ်အား ၂၀၂၀ခုနှစ် ဇွန်လ(၂၇)ရက်နေ့ နေ့လည်ပိုင်းက မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ ရဲအုပ်အောင်သွင်ဦး၊ မိုင်းယောင်းမြို့မရဲစခန်းမှ နယ်ထိန်း ဒုတိယတပ်ကြပ်မျိုးဆွေနှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဝင်ရောက်စစ်ဆေးရာက ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ နေအိမ်အတွင်း စစ်ဆေးရာက ဦးနွဲ့လှိုင်း လွယ်သည့် လွယ်အိတ်အတွင်းထဲက စိတ်ကြွရူးသွပ်ဆေးပြား (၇၃၀)ပြား နှင့် ငွေကျပ်(၇၀,၀၀၀)တို့ကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၆၀)အရွယ် နွဲ့လှိုင်းဆိုသူအား   မိုင်းယောင်းမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေ  (ပ) ၁၁/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - စိုင်းယောင်းခမ်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~