တာချီလိတ်မြို့ မိုင်းဖုန်းတွင် စိတ်ကြွဆေးပြား သယ်ဆောင်လာသူ အမျိုးသား နှင့် သယ်ခိုင်းသူ အမျိုးသမီးတို့ကို ဖမ်းဆီးရမိ

တာချီလိတ်မြို့ မိုင်းဖုန်းတွင် စိတ်ကြွဆေးပြား သယ်ဆောင်လာသူ အမျိုးသား နှင့် သယ်ခိုင်းသူ အမျိုးသမီးတို့ကို ဖမ်းဆီးရမိ
ဇွန် 13, 2020
By Tachileik News Agency

တာချီလိတ်မြို့ မိုင်းဖုန်းတွင် စိတ်ကြွဆေးပြား သယ်ဆောင်လာသူ အမျိုးသား နှင့် သယ်ခိုင်းသူ အမျိုးသမီးတို့ကို ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်အတွင်း မိုင်းဖုန်းကျေးရွာအုပ်စုအတွင်း ကားလမ်းပေါ်တွင် ဆိုင်ကယ်အတွင်း စိတ်ကြွဆေးပြားများ ဝှက်၍ သယ်လာသည့် အမျိုးသားတစ်ဦးနှင့်  စိတ်ကြွဆေးပြားများ သယ်ဆောင်ခိုင်းသည့် အမျိုးသမီးတစ်ဦးတို့ကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၂)ရက်နေ့ ညနေ (၄)နာရီခွဲဝန်းကျင်က ဖမ်းမိကြောင်း သိရသည်။

သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မိုင်းဖုန်း(ခ) မှ မိုင်းဖုန်း(က)ကျေးရွာ အုပ်စုသို့ သွားရာ ကားလမ်းမပေါ်တွင်   စစ်ဆေးနေစဉ် ဆိုင်ကယ်မောင်းနှင်လာသည့် အသက် (၅၀)အရွယ် စိုင်းလုံအား တားဆီးစစ်ဆေးရာ ဆိုင်ကယ်တွင် ဝှက်၍ သယ်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား (၂၀,၀၀၀) ပြားကို ဖမ်းမိပြီးနောက် အဆိုပါ ဆေးပြားများ သယ်ဆောင်ခိုင်းသည့် အသက် (၂၇)နှစ်အရွယ် နန်းအမ်းကို ဟိုခိုကျေးရွာ၌ ဆက်လက်ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် စိုင်းလုံနှင့် နန်းအမ်းတို့ကို ဝမ်ပုံနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
သတင်း ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~