Covid 19 နဲ့ လက်ရည်တစ်ပြင်တည်း

Covid 19 နဲ့ လက်ရည်တစ်ပြင်တည်း
ဇွန် 27, 2020
By Tachileik News Agency

 Covid 19 နဲ့ လက်ရည်တစ်ပြင်တည်း

ကိုရိုနာဗိုင်းရပ်စ်မကူးစက်အောင် ကာကွယ်နေတဲ့ကာလမှာ တစ်ကိုယ်ရေသုံးပစ္စည်းတွေ၊ ပန်းကန်၊ ဇွန်းခရင်းစတာတွေ မျှဝေသုံးစွဲကြတာကနေ ဗိုင်းရပ်စ်ပျံ့ပွားနိုင်လို့ သတိထားကြဖို့ လိုနေပါသေးတယ်။

ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံထားရသူဖြစ်စေ အပြင်ကနေ ဗိုင်းရပ်စ်ပိုးရှိနေတဲ့ အရာဝတ္ထုတွေကို ထိတွေ့ကိုင်တွယ်မိထားပြီး လက်ဆေးခြင်းမရှိသူတစ်ဦးဖြစ်စေ အသုံးပြုထားတဲ့ ပစ္စည်းတွေကို ထပ်ဆင့် ကိုင်တွယ်မိသူတွေမှာ ဗိုင်းရပ်စ်ပိုး ဆင့်ပွားကူးစက်ခံရနိုင်ပါတယ်။

ဒါကြောင့် မိသားစုတွေ၊ ချစ်ခင်ရင်းနှီးရသူ မိတ်ဆွေတွေ အတူဝိုင်းထိုင် စားသောက်ကြတာဖြစ်စေ မိသားစုတွေမို့ နေ့စဉ်သုံးပစ္စည်းတွေ မျှဝေသုံးစွဲကြတာဖြစ်စေ သတိထားဆင်ခြင်ကြရမှာဖြစ်သလို ကိုယ့်မိသားစုအတွင်းမှာ ကလေးငယ်တွေ အသက်အရွယ်ကြီးသူတွေရှိရင် ပိုပြီးသတိထားဆင်ခြင်ကြဖို့ လိုပါတယ်။

တတ်နိုင်သမျှ ပစ္စည်းတွေကို သီးသန့်သုံးစွဲကြရင်း ဗိုင်းရပ်စ်ကူးစက်နိုင်မှုသံသရာကို ဖြတ်တောက်ကြရအောင်ပါ။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~