တာချီလိတ်တွင် ဆိုင်ကယ်တစ်စီး ခိုးခံရ

တာချီလိတ်တွင် ဆိုင်ကယ်တစ်စီး ခိုးခံရ
ဇွန် 24, 2020
By Tachileik News Agency

တာချီလိတ်တွင် ဆိုင်ကယ်တစ်စီး ခိုးခံရ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့မှာ ၂၀၂၀ခုနှစ် ဇွန်လ(၂၄)ရက်နေ့ အစောပိုင်းက ဆိုင်ကယ်တစ်စီးခိုးယူခံရကြောင်း အသိပေးအကြောင်းကြားလာပါတယ်။

ဆိုင်ကယ်ခိုးခံရတဲ့ နေရာဟာ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ တော့ကော့(ပြင်)က အီးစတား အိမ်ခန်းငှားမှာ ၂၀၂၀ခုနှစ် ဇွန်လ(၂၄)ရက်နေ့ နံနက် (၂)နာရီ (၂၈)မိနစ်အချိန်က အမျိုးသား နှစ်ဦးက ဆိုင်ကယ်ဇက်သော့ကို ဖျက်ချိုးကာ ခိုးယူသွားတာဖြစ်ပြီး သူတို့တွေဟာ စုစုပေါင်း (၃)ဦးလာရောက်ခိုးတာဖြစ်ကြောင်း cctv မှတ်တမ်းအရ တွေ့မြင်ရပါတယ်။

ခိုးခံရတဲ့ ဆိုင်ကယ်ဟာ ၂၀၂၀ခုနှစ် (၃)လပိုင်း ထုတ် Wave -i  125 အမျိုးအစားဖြစ်ပြီး အရောင်မှာ အနက်နဲ့အနီဖြစ်လို့ လာရောင်းရင်ဖြစ်စေ ပုံစံတူဖြစ်စေ တွေ့ရှိရပါက ဖုန်း 09423035780 ကို ဆက်သွယ်အကြောင်းကြားပေးဖို့ အကူအညီတောင်းခံလာပါတယ်။

တာချီလိတ်မြို့ မှာ ကိုဗစ်ကာလ ပိတ်ဆို့စစ်ဆေးရေးတွေ လုပ်ဆောင်စဉ်က ယာဉ်တိုက်မှုများ နဲ့ ဆိုင်ကယ်ခိုးခံရမှုတွေ လျော့နည်းခဲ့ပေမဲ့ အခု ဇွန်လအတွင်းမှာတော့ ဆိုင်ကယ်ခိုးခံရမှုတွေ အတော်များလာကြောင်း ကြားသိရပါတယ်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~