ရဲတပ်ဖွဲ့မှ ဖမ်းဆီးစဉ် သေဆုံးသွားသည့် ဂျော့ဖလွိုက်တွင် COVID-19 ကူးစက်ခံထားရကြောင်း အဖြေထွက်

ရဲတပ်ဖွဲ့မှ ဖမ်းဆီးစဉ် သေဆုံးသွားသည့် ဂျော့ဖလွိုက်တွင် COVID-19 ကူးစက်ခံထားရကြောင်း အဖြေထွက်
ဇွန် 4, 2020
By Tachileik News Agency
ရဲတပ်ဖွဲ့မှ ဖမ်းဆီးစဉ် သေဆုံးသွားသည့် ဂျော့ဖလွိုက်တွင် COVID-19 ပိုးတွေ့

အမေရိကန်ပြည်ထောင်စု၊ မန်နီပိုလစ်မြို့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ်အတွင်း သေဆုံးသွားသည့် ဂျော့ဖလွိုက်တွင် COVID 19 ကူးစက်ခံထားရကြောင်း ဆေးစစ်ချက် အပြည့်အစုံကို သေဆုံးသူ၏ မိသားစု သဘောတူညီချက်ဖြင့် ထုတ်ပြန်လာသည်။

ဂျော့ဖလွိုက်သည် ဖမ်းဆီးခံရမှုအတွင်း heart attack ဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း စာမျက်နှာပေါင်း (၂၀)ပါဝင်သည့် ဂျော့ဖလွိုက်၏ ဆေးစစ်ချက်အဖြေများကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့၌ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ရဲအရာရှိက လည်ပင်းအား ဒူးဖြင့်ထောက်၍ ဖမ်းဆီးထားစဉ် အသက်ရှုမရတော့ကြောင်း ပြောဆိုခဲ့သော်လည်း ဖယ်ရှားပေးခြင်းမပြု၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

ဂျော့ဖလွိုက်အား ဖမ်းဆီးမှုအတွင်း သေဆုံးသွားသည့် ဗီဒီယိုဖိုင် လူမှုကွန်ယက်တွင် တွေ့ရာမှ အမေရိကန်ပြည်ထောင်စုတဝန်းတွင် တရားမျှတမှုအတွက် တောင်းဆိုဆန္ဒပြမှုအများအပြား ထွက်ပေါ်လာခြင်းဖြစ်သည်။

ဂျော့ဖလွိုက်ကို ဖမ်းဆီးခဲ့သည့် ရဲအရာရှိနှင့် အတူပါလာသည့် ရဲအရာရှိ (၃)ဦးတို့ကို လူသတ်မှုဖြင့် တရားစွဲဆိုထားပြီဖြစ်သည်။

 Tachileik News Agency
Soruce: Dailymail, WP


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~