မြန်မာနိုင်ငံသို့ ဗီဇာဖြင့် ဝင်လာသည့် ထိုင်းနိုင်ငံသားတစ်ဦး လေကြောင်းမှပြန်မရ၍ တာချီလိတ်နယ်စပ်မှ ပြည်တော်ပြန်

မြန်မာနိုင်ငံသို့ ဗီဇာဖြင့် ဝင်လာသည့် ထိုင်းနိုင်ငံသားတစ်ဦး လေကြောင်းမှပြန်မရ၍ တာချီလိတ်နယ်စပ်မှ ပြည်တော်ပြန်
ဇွန် 22, 2020
By Tachileik News Agency
မြန်မာနိုင်ငံသို့ ဗီဇာဖြင့် ဝင်လာသည့် ထိုင်းနိုင်ငံသားတစ်ဦး လေကြောင်းမှပြန်မရ၍ တာချီလိတ်နယ်စပ်မှ ပြည်တော်ပြန်

မြန်မာနိုင်ငံသို့ ဗီဇာဖြင့်ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားတစ်ဦး လေကြောင်းခရီးစဉ်များ ပိတ်ထား၍ ပြည်တော်ပြန်ရန် အခက်အခဲဖြစ်နေသည့်အတွက် တာချီလိတ်နယ်စပ်မှတစ်ဆင့် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့ နံနက်ပိုင်းက ပြည်တော်ပြန်ခွင့်ပြုလိုက်ကြောင်း သိရသည်။

"လက်ရှိက လေကြောင်းလိုင်းတွေပိတ်ထားတော့ တာချီလိတ်ကနေ လှည့်ပြန်တာပေါ့။ သူက Passport နဲ့ဝင်လာတာ။ သံရုံးထောက်ခံစာနဲ့ လာတာ"ဟု တာချီလိတ် လဝက မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

အဆိုပါ ထိုင်းနိုင်ငံသားကို တာချီလိတ်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဌာနခွဲ (၆)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်နှင့် CNCMC မှ အဖွဲ့ဝင်တို့က မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)မှတစ်ဆင့် မယ်ဆိုင်ဘက်သို့ လွှဲပြောင်းပေးရာ ထိုင်းနိုင်ငံဘက်မှ ရဲမှူး Pathapon Onnoul၊ လဝက အရာရှိ Sakhonnawat Luansomwangနှင့် အဖွဲ့က လက်ခံခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်း နယ်စပ်ဒေသများတွင် ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများ အနေဖြင့် မြန်မာ - ထိုင်း နယ်စပ်ဂိတ်များဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တာချီလိတ် - မယ်ဆိုင် နယ်စပ်ဂိတ်၊ ကရင်ပြည်နယ်ရှိ မြဝတီ - မဲဆောက်နယ်စပ်ဂိတ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ ထီးခီး - ကန်ချနပူရီ နယ်စပ်ဂိတ်များမှ ထိုင်းနိုင်ငံဘက်သို့ ပြန်ဝင်ခွင့်ပေးရန် နှစ်နိုင်ငံညှိနှိုင်းထားခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင်း နေထိုင်နေသည့် ထိုင်းနိုင်ငံသားများအနေဖြင့် မယ်ဆိုင်ဘက်သို့ ပြန်လိုပါက မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားရှိ လဝကထံတွင် မေးမြန်းစုံစမ်းနိုင်မည်ဖြစ်ပြီး တာချီလိတ်မှ ပြည်တော်ပြန်လိုသည့် ထိုင်းနိုင်ငံသားများကိုသာ ခွင့်ပြုပေးထားခြင်းဖြစ်ပြီး တာချီလိတ်ဘက်သို့ အဝင်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - CNCMC


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~