ထိုင်းနိုင်ငံတွင် ရက်ပိုင်းအတွင်း ညမထွက်ရအမိန့် ပယ်ဖျက်ပြီး လုပ်ငန်းအချို့ ပြန်လည် ဖွင့်လှစ်ခွင့်ရဖွယ်ရှိ

ထိုင်းနိုင်ငံတွင် ရက်ပိုင်းအတွင်း ညမထွက်ရအမိန့် ပယ်ဖျက်ပြီး လုပ်ငန်းအချို့ ပြန်လည် ဖွင့်လှစ်ခွင့်ရဖွယ်ရှိ
ဇွန် 11, 2020
By Tachileik News Agency

ထိုင်းနိုင်ငံတွင် ရက်ပိုင်းအတွင်း ညမထွက်ရအမိန့် ပယ်ဖျက်ပြီး လုပ်ငန်းအချို့ ပြန်လည်ဖွင့်လှစ်ခွင့်ရဖွယ်ရှိ 

COVID 19 ကူးစက်ခံရမှုအရေအတွက် လျော့နည်းလာပြီဖြစ်သည့် ထိုင်းနိုင်ငံတွင် ညမထွက်ရအမိန့်ကို ရုပ်သိမ်းရန်နှင့် စီးပွားရေးလုပ်ငန်းအချို့ကို ပြန်လည်ခွင့်ပြုပေးလာနိုင်ဖွယ်ရှိသည်ဟု ဘန်ကောက်ပို့စ်သတင်းက ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၁)ရက်နေ့၌ ယုံကြည်ရသည့် သတင်းရင်းမြစ်ကို ကိုးကားဖေါ်ပြထားသည်ကို တွေ့ရသည်။

စီးပွားရေးလုပ်ငန်းများ ပိတ်ထားမှုကို ဇွန်လ (၁၂)ရက်နေ့၌ ဖြေလျော့ပေးဖွယ်ရှိသည်ဟု ဇွန်လ (၁၁)ရက်နေ့တွင် ကျင်းပသည့် COVID 19 ထိန်းချုပ်ရေးကော်မတီအစည်းအဝေးအပြီးတွင် ပြောကြားလာခြင်းဖြစ်ကြောင်း သိရသည်။

ည (၁၁)မှ နံနက် (၃)နာရီကြား ညမထွက်ရအမိန့်ကို ပယ်ဖျက်ရန် ဝန်ကြီးချုပ်က သဘောတူထားပြီး စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခွင့် ပေးလာနိုင်သော်လည်း ကလပ်၊ ဘား၊ ကာရာအိုကေ၊ ချွေးထုတ်ခန်း၊ အနှိပ်ခန်းများကို ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ဇွန်လ (၁၁) ရက်နေ့၌ အတည်ပြုလူနာမတွေ့ရဘဲ လွန်ခဲ့သည့် နှစ်ပတ်တာကာလအတွင်း ကူဝိတ်မှ ပြည်တော်ပြန်များကြောင့် အတည်ပြုလူနာအရေအတွက် မြင့်တက်ခဲ့ရကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ဇွန်လ (၁၁)ရက်နေ့အထိ အတည်ပြုလူနာ (၃,၁၂၅)ဦးရှိသည့်အနက် ကုသမှုခံယူဆဲ (၈၀)ဦးနှင့် သေဆုံးသူ (၅၈)ဦးမှလွဲ၍ ကျန်လူနာများမှာ ဆေးရုံဆင်းသွားပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post, The Nation


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~