တာချီလိတ်ကတဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တွင် ကျောင်းသွား တက်မည့် ကျောင်းသူ ကျောင်းသားများကိစ္စ ဆွေးနွေးမည်ဖြစ်၍ ကျောင်းသား မိဘများ တက်ရောက်ဆွေးနွေးနိုင်ရန် ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဖိတ်ကြား

တာချီလိတ်ကတဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တွင် ကျောင်းသွား တက်မည့် ကျောင်းသူ ကျောင်းသားများကိစ္စ ဆွေးနွေးမည်ဖြစ်၍ ကျောင်းသား မိဘများ တက်ရောက်ဆွေးနွေးနိုင်ရန် ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဖိတ်ကြား
ဇွန် 30, 2020
By Tachileik News Agency
တာချီလိတ်ကတဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တွင် ကျောင်းသွား တက်မည့် ကျောင်းသူ ကျောင်းသားများကိစ္စ ဆွေးနွေးမည်ဖြစ်၍ ကျောင်းသား မိဘများ တက်ရောက်ဆွေးနွေးနိုင်ရန် ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဖိတ်ကြား 

COVID-19 ရောဂါကြောင့် တာချီလိတ်နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်ကိုဆက်သွယ်ထားသည့် မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားကို ပိတ်ထားဆဲဖြစ်ရာ တာချီလိတ်ဘက်မှ ထိုင်းနိုင်ငံ မယ်ဆိုင်သို့ ကျောင်းသွားတက်မည့် ကျောင်းသူ ကျောင်းသားများကိစ္စနှင့် ပတ်သက်၍ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ကျောင်းသားမိဘများနှင့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့၌ နံနက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်၍ ကျောင်းသား မိဘများအနေဖြင့် တက်ရောက်ရန် လိုအပ်ကြောင်း သိရဖြစ်သည်။

ကျောင်းသားမိဘတွေကို ရှင်းပြဖို့ပေါ့။ လောလောဆယ်သွားဖို့ မလွယ်သေးတဲ့ အခြေအနေပေါ့။ လုပ်ရမယ့် အဆင့်တွေကို ရှင်းပြဖို့ပါ

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်မြို့မှ အချို့ ကျောင်းသူကျောင်းသားများသည် နယ်စပ်တံတားကိုဖြတ်၍ ထိုင်းနိုင်ငံဘက်တွင် အခြေခံပညာကျောင်း နေ့စဉ် သွားတက်ကြခြင်းဖြစ်ရာ ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စပ်တံတားပိတ်ထား၍ ကျောင်းသွားတက်ရန် အခက်အခဲဖြစ်နေကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံဘက်တွင်  ကျောင်းတက်နေသည့် မြန်မာကျောင်းသားများကိစ္စနှင့်ပတ်သက်၍ မြန်မာနှင့်ထိုင်း ခရိုင်အဆင့် တာဝန်ရှိသူများ အလွတ်သဘောတွေ့ဆုံဆွေးနွေးပြီး ရရှိသည့် အချက်အလက်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်ပြီး လတ်တလောတွင် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံလုံးတွင် ပြည်ပမှ ဝင်လာသူအားလုံးကို Quarantine ထားရှိနေရမှုမျာ းရှိနေသည့်အတွက် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးရမည့် အခြေအနေနှင့် ကျောင်းသွားတက်လိုသူများ အနေဖြင့်ထိုင်းနိုင်ငံတွင်သွားရောက်ခွင့်ရရှိပါကလည်း တရားဝင်ဖြတ်သန်းခွင့်ရရှိမှသာ တာချီလိတ်မြို့သိုပြန်လည်ဝင်ရောက်နိုင်မည့်အခြေအနေများကို ကျောင်းသားမိဘများအား ရှင်းလင်းဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် အခြေခံပညာကျောင်းများကို ၂၀၂၀ ခုနှစ် ဇူလိုင်လဆန်းတွင် ကျောင်းများပြန်ဖွင့်မည်ဖြစ်သဖြင့် အချို့ကျောင်းသားမိဘများမှာ နှစ်နိုင်ငံနယ်စပ်ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းမှ ထိုင်းနိုင်ငံသို့ ဝင်ရောက်ရာတွင် တရားမဝင်ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရပြီး တာချီလိတ်မြို့သို့ ပြန်လည်လွှဲပြောင်းပေးသည့် ဖြစ်စဉ်များလည်း ဇွန်လအတွင်းကဖြစ်ပွားခဲ့သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~