တာချီလိတ်သို့ ထိုင်းဘက်က ရောက်လာသည့် မြန်မာနိုင်ငံသား (၉၃)ဦးကို covid-19 စစ်ဆေးရန်အတွက် ဓါတ်ခွဲနမူနာယူ

တာချီလိတ်သို့ ထိုင်းဘက်က ရောက်လာသည့် မြန်မာနိုင်ငံသား (၉၃)ဦးကို covid-19 စစ်ဆေးရန်အတွက် ဓါတ်ခွဲနမူနာယူ
ဇွန် 3, 2020
By Tachileik News Agency
တာချီလိတ်သို့ ထိုင်းဘက်က ရောက်လာသည့် မြန်မာနိုင်ငံသား (၉၃)ဦးကို covid-19 စစ်ဆေးရန်အတွက် ဓါတ်ခွဲနမူနာယူ

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ ပြန်လာသူ (၉၃) ဦးကို COVID 19 စစ်ဆေးရန် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့၌ ဓာတ်ခွဲနမူနာရယူထားပြီး ရန်ကုန်ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးကုတ်ဝိပဿနာတရားရိပ်သာ facility quarantine မှာထားတဲ့ (၉၂)ယောက်နဲ့ ဒီမနက်မှ ထိုင်းဘက်ကနေ ဆေးကုပြန်လာတဲ့ တစ်ယောက်ကို ဓာတ်ခွဲနမူနာ ယူထားတယ်။ ထိုင်းဘက်က ပြန်လာတဲ့တစ်ယောက်ကိုတော့ ဆေးရုံ isolation room (သီးခြားစောင့်ကြည့်ကုသခန်း)မှာ ထားတယ်

ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံမှ နေရပ်ပြန် (၆၀) ဦးနှင့် ပြစ်ဒဏ်စေ့၍ ပြန်လွှဲသူ (၃၂)ဦးကို ၂၀၂၀ ခုနှစ်၊  ဇွန်လ (၂)ရက်နေ့က တာချီလိတ်ရှိ မိုးကုတ်ဝိပဿနာတရားရိပ်သာတွင် ထားရှိကာ COVID 19 ဓာတ်ခွဲစစ်ဆေးပြီးပါက နေရပ်ဒေသ အသီးသီးသို့ ပို့ဆောင်၍ (၂၁)ရက် အသွားအလာကန့်သတ်စောင့်ကြည့်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံမှ နေရပ်ပြန်လိုသူများအား အသုတ်လိုက်ခွဲ၍ လက်ခံကာ COVID 19 ဓာတ်ခွဲစစ်ဆေးပြီးနောက် နေရပ်ဒေသအသီးသီး၌ (၂၁)ရက် အသွားအလာကန့်သတ်နေထိုင်စေရန် ပြန်လည်စေလွှတ်ပေးနေခြင်းဖြစ်သည်။

နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်လာသူများကို နယ်စပ်မြို့များတွင် ယာယီအသွားအလာကန့်သတ်ထားရှိကာ ပထမအကြိမ် ဓာတ်ခွဲစစ်ဆေးခြင်းပြုလုပ်ရာတွင် ပိုးမတွေ့ရကြောင်း အဖြေထွက်သော်လည်း  ရောဂါပိုးကူးစက်ခံထားရပြီး  ရောဂါလက္ခဏာမပြသေးခြင်းဖြစ်နိုင်၍ (၂၁)ရက် အသွားအလာကန့်သတ်စောင့်ကြည့်ရန် လိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဇွန်လ (၃)ရက်နေ့က ထိုင်းနိုင်ငံမှ နေရပ်ပြန်တစ်ဦးတွင် COVID 19 ကူးစက်ခံထားရသည်ကို တွေ့ရ၍ အတည်ပြုလူနာစုစုပေါင်း (၂၃၃)ဦးရှိလာပြီဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - စိုင်းအောင်ဝင်းမိုး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~