တာချီလိတ်မြို့နယ် အတွင်းရှိ ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနများသို့ တပ်မတော်က COVID-19 ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ဆက်လက် ထောက်ပံ့လှူဒါန်းတာချီလိတ်မြို့နယ် အတွင်းရှိ ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနများသို့ တပ်မတော်က COVID-19 ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ဆက်လက် ထောက်ပံ့လှူဒါန်း

တာချီလိတ်မြို့နယ် အတွင်းရှိ ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနများသို့ တပ်မတော်က COVID-19 ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ဆက်လက် ထောက်ပံ့လှူဒါန်းတာချီလိတ်မြို့နယ် အတွင်းရှိ ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနများသို့ တပ်မတော်က COVID-19 ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ဆက်လက် ထောက်ပံ့လှူဒါန်း
ဇွန် 3, 2020
By Tachileik News Agency

တာချီလိတ်မြို့နယ် အတွင်းရှိ ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနများသို့ တပ်မတော်က COVID-19 ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ဆက်လက် ထောက်ပံ့လှူဒါန်း

တပ်မတော်မှ လှူဒါန်းသည့် COVID-19 ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို တာချီလိတ်မြို့နယ်အတွင်းရှိ ခရိုင်အဆင့်ဆေးရုံ အပါအဝင် တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများသို့  ၂၀၂၀ခုနှစ် ဇွန်လအစမှ (၃)ရက်နေ့အထိ တာချီလိတ်တပ်နယ်က လိုက်လံလှူုဒါန်းပေးထားပြီး ဆေးရုံတက်ရောက် ကုသမှု ခံယူနေသည့် လူနာများကိုပါ အာဟာရများ ပေးဝေလှူဒါန်းကြောင်း သိရသည်။

COVID-19 ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများဖြစ်သည့်  နှာခေါင်းစည်း(Surgical Mask)၊  ခွဲစိတ်ခန်းသုံးခေါင်းစွပ်( OT Cap )၊ Digital BP Cap  နှင့် နားကြပ်တို့အား  တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ်မြို့များရှိ ခရိုင်အဆင့်ဆေးရုံသို့ (၅)ကြိမ်မြောက်အဖြစ် လည်းကောင်း၊  တိုက်နယ်ဆေးရုံများသို့ (၄)ကြိမ်မြောက်အဖြစ် လည်းကောင်း၊  ကျေးလက် နှင့် ကျေးလက်ခွဲကျန်းမာရေးဌာနခွဲများသို့ (၃)ကြိမ်မြောက်အဖြစ် လည်းကောင်း သွားရောက်လှူခဲ့ပြီး တာလေဆေးရုံ နှင့် ကျိုင်းလပ်ဆေးရုံမှ လူနာများကိုလည်း အာဟာရများ ပေးဝေလှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်အကြိမ်များတွင်လည်း တာချီလိတ်တပ်နယ်က COVID-19 ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများဖြစ်သည့်  Face Sheildများ၊ ဆိုဒီယမ်ဟိုက်ပိုကလိုရိုဒ်ဆေးရည်( Sodium Hypo-Chlouide )များ၊ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း(Surgical Mask)၊ ခွဲစိတ်ခန်းသုံးခေါင်းစွပ်( OT Cap )များ အပါအဝင် ဆေးရုံတွင် ဆေးကုသမှု ခံရယူနေသည့် လူနားများအတွက်ကိုပါ အာဟာရများ လှူဒါန်းခဲ့ပြီးကြောင်း သိရသည်။

ထိုသို့ သွားရောက်လှူဒါန်းရာသို့ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သော်ဇင်ဦး ဦးစီးသည့် တပ်နယ်အရာရှိများ နှင့် ဆေးအဖွဲ့များမှ ဆေးရုံနှင့် ကျေးလက်များအရောက် လိုက်လံလှူဒါန်းပေးခြင်း ဖြစ်ကြောင်း သိရသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~