သင်ကိုယ်တိုင်နဲ့ သင်ချစ်ရသူတွေကို ကိုရိုနာဗိုင်းရပ်စ်ဘေး ကင်းဝေးအောင် အပြင်သွားတိုင်း နှာခေါင်းစည်း (Mask ) တပ်ပါ

သင်ကိုယ်တိုင်နဲ့ သင်ချစ်ရသူတွေကို ကိုရိုနာဗိုင်းရပ်စ်ဘေး ကင်းဝေးအောင် အပြင်သွားတိုင်း နှာခေါင်းစည်း (Mask ) တပ်ပါ
ဇွန် 22, 2020
By Tachileik News Agency
သင်ကိုယ်တိုင်နဲ့ သင်ချစ်ရသူတွေကို ကိုရိုနာဗိုင်းရပ်စ်ဘေး ကင်းဝေးအောင် အပြင်သွားတိုင်း နှာခေါင်းစည်း (Mask ) တပ်ပါ

ကူးစက်ခံထားသူ တစ်ယောက်က mask မတပ်ဘဲ ကိုယ့်မျက်နှာတည့်တည့်မှာ နှာချေ၊ ချောင်းဆိုးမိရင် လေထဲက ကူးစက်နိုင်တဲ့အတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask )  တပ်ပါ။

ဒါပေမဲ့ နှာခေါင်းစည်း (Mask )  ကို စနစ်တကျမတပ်ရင်၊ မစွန့်ပစ်ရင်လည်း ရောဂါပိုးမွှား ကပ်ညိနေနိုင်တဲ့ Mask မျက်နှာပြင်ကို ထိ‎တွေ့ကိုင်တွယ်မိရာကနေ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေ တစ်ဆင့် ဗိုင်းရပ်စ်ဝင်ပြီး ကူးစက်နိုင်ပါတယ်။

WHO က ထုတ်ပြန်ထားသော mask အသုံးပြုနည်း

၁။ Mask မတပ်ခင် လက်ဆေးပါ (လက်မှတစ်ဆင့် Mask တွင် ဗိုင်းရပ်စ်ကပ်ညိခြင်းမရှိစေရန် ဆပ်ပြာနှင့်ဖြစ်စေ အယ်လ်ကိုဟော အနည်းဆုံး (၆၀) ရာခိုင်နှုန်း ပါဝင်သော ရေမလိုလက်သန့်ဆေးရည်နှင့်ဖြစ်စေ လက်ကို စင်ကြယ်စွာဆေးပါ)
၂။ ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာအုပ်ပါ (မျက်နှာနှင့် mask ကြား ကွာဟမှု မရှိအောင် အထူးသတိပြုပါ)
၃။ တပ်ဆင်ထားသည့် Mask ကို လက်ဖြင့် မထိရ (ထိမိလျှင် လက်ကို စင်ကြယ်စွာပြန်ဆေးပါ)
၄။ တစ်ခါသုံး mask ဖြစ်လျှင် ချွတ်ပြီးလျှင် ပြန်မသုံးသင့်ပါ။ အဝတ် mask ဖြစ်လျှင် အပြင်မှပြန်လာတိုင်း ဆပ်ပြာဖြင့် လျှော်ပါ။
၅။ Mask ဖြုတ်လျှင် နားရွက်နောက်ဖက်မှ ကြိုးစမှကိုင်၍ ဖြုတ်ပါ။ Mask မျက်နှာပြင်ကို မထိကိုင်ရပါ။
၆။ တစ်ခါသုံး Mask ဖြစ်လျှင် ဖြုတ်ပြီးပါက အဖုံးပါ အမှိုက်ပုံး (သို့မဟုတ်) အဖုံးမပါသည့် အမှိုက်ပုံးဖြစ်ပါက လုံခြုံစွာထုပ်ပိုး၍ စွန့်ပစ်ပါ။
၇။ Mask ချွတ်ပြီးလျှင် လက်ကို ဆပ်ပြာနှင့်ဖြစ်စေ ရေမလိုလက်သန့်ဆေးရည်နှင့် ဖြစ်စေ စင်ကြယ်စွာဆေးပါ။
(နှာစေး၊ ချောင်းဆိုး၊ ဖျားနာနေသူများမှလွဲ၍ ပုံမှန်နေ့စဉ် အသုံးပြုရန်အတွက် အဝတ် Mask ကို အသုံးပြုနိုင်ပါသည်။)

[ ကိုရိုနာဗိုင်းရပ်စ်ကို အတူတကွပူးပေါင်းတိုက်ဖျက်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID 19 ကာကွယ်ရေး လမ်းညွှန်ချက်များအား Tachileik News Agency က တင်ပြပေးခြင်းဖြစ်ပါသည်။]

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~