သင်သိပါသလား …… ( Quarantine )

သင်သိပါသလား …… ( Quarantine )
ဇွန် 30, 2020
By Tachileik News Agency

သင်သိပါသလား …… အခြားတိုင်းနဲ့ ပြည်နယ်က လာသူများ ရှမ်းပြည်နယ်အတွင်းမှာ Quarantine နေထိုင်စရာမလိုဘူးဆိုတာ...

🔘 ရှမ်းပြည်နယ်တွင်းသို့ ပြည်ပနိုင်ငံများမှ လာရောက်သူများ၊ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများမှလွဲ၍ ပြည်တွင်း မည်သည့်ဒေသမှ လာသည်ဖြစ်စေ အသွားအလာကန့်သတ်နေထိုင်စေခြင်း (Quarantine) မရှိပါ။

🔘 COVID 19 ကူးစက်ခံရပြီး ချက်ချင်းရောဂါလက္ခဏာပြသခြင်းမရှိ၍ ရောဂါဖြစ်ပွားရာဒေသများမှ လာရောက်သူများတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ပါဝင်ပါက အခြားသူများဖြင့် ထိတွေ့မှု နည်းနိုင်သမျှ နည်းစေခြင်းဖြင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် ရောဂါလက္ခဏာပြသနိုင်သည့် ကာလတစ်ခုအတွင်း  အသွားအလာကန့်သတ် (Quarantine) နေထိုင်စေခြင်းဖြစ်ပါသည်။

🔘 အသွားအလာကန့်သတ်နေထိုင်ခြင်း (Quarantine) ဖြင့် မိမိတွင် ဗိုင်းရပ်စ်ရှိနေပါက ဆောလျင်စွာသိရှိ ကုသမှုခံနိုင်မည်ဖြစ်သည့် အပြင် မိမိမှတစ်ဆင့် အခြားသူများသို့ ကူးစက်မှုကို လျှော့ချနိုင်သဖြင့် ပြည်ပမှ နည်းမျိုးစုံဖြင့် ဝင်လာသူတိုင်း၊ အတည်ပြုလူနာနှင့် ထိတွေ့မိသူတိုင်း Quarantine နေထိုင်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ် လျင်မြန်စွာ ထိန်းချုပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ကြပါသည်။

🔘 Source: ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ