တာချီလိတ်မြို့ရှိ အမှတ်(၂)တံတားမှ စ၍ မိုင်းဖုန်း နှင့် မိုင်းကိုးကျေးရွာအုပ်စုများအထိ ဇွန်လ(၂၈)ရက်နေ့တွင် နံနက်တစ်ပိုင်း လျှပ်စစ်မီး ပြတ်တောက်မည်

တာချီလိတ်မြို့ရှိ အမှတ်(၂)တံတားမှ စ၍ မိုင်းဖုန်း နှင့် မိုင်းကိုးကျေးရွာအုပ်စုများအထိ ဇွန်လ(၂၈)ရက်နေ့တွင် နံနက်တစ်ပိုင်း လျှပ်စစ်မီး ပြတ်တောက်မည်
ဇွန် 27, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှိ အမှတ်(၂)တံတားမှ စ၍ မိုင်းဖုန်း နှင့် မိုင်းကိုးကျေးရွာအုပ်စုများအထိ ဇွန်လ(၂၈)ရက်နေ့တွင် နံနက်တစ်ပိုင်း လျှပ်စစ်မီး ပြတ်တောက်မည်

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ရန်အောင်မြေ(ပါလျှံမီးပွိုင့်)ရပ်ကွက်တွင်  ဓါတ်မီးတိုင်များကို နှုတ်ယူဖယ်ရှားမည်ဖြစ်သည့်အတွက် မြို့ပြင်ရပ်ကွက် ကျေးရွာအုပ်စုများအထိ လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေး ရန်အောင်မြေရပ်ကွက်အပိုင်းဖြစ်သည့် မီးချောင်းဝပ်ရှော့မှစ၍ ပါလျှံ(၃)မီးပွိုင့်အထိ မီးတိုင်များကို နှုတ်ယူမည်ဖြစ်သည့်အတွက် ၂၀၂၀ခုနှစ် ဇွန်လ(၂၈)ရက်နေ့ နံနက်(၉)နာရီမှ နံနက်(၁၂)နာရီအထိ လျှပ်စစ်မီးကို အချိန်ပိုင်းဖြတ်တောက်မည်ဖြစ်ပြီး လုပ်ငန်းအမြန်ဆုံးပြီးမြောက်ပါက စောလျင်စွာ လွတ်သွားပေးသွားမည် ဖြစ်ကြောင်း  မြို့မီးလင်းရေး(ရုံးခွဲ)မှ သိရသည်။

လျှပ်စစ်မီး ပြတ်တောက်မည့် ရပ်ကွက် နှင့် ကျေးရွာအုပ်စုများမှာ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂) တံတားမှ စ၍ ရန်အောင်မြေ၊ ဝိန်းကျောက်၊ ပါဆတ် နှင့် ဆေခမ်း ရပ်ကွက်များ အပါအဝင် ဝမ်လုံးကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု၊ မိုင်းဖုန်း(က)နှင့် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတို့အထိ ဖြစ်သည်။

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)မီးပွိုင့်တွင် လမ်းချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီး လမ်းပေါ်ရောက်နေသည့် ဓါတ်တိုင်များကို ဖယ်ရှားရန်အတွက် ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~