တာချီလိတ်တွင် ဇွန်လအတွင်း အသုံးပြုခဲ့သည့် လျှပ်စစ်ဓါတ်အားခများကို ဇူလိုင်လတွင် ပုံမှန်အတိုင်း ပြန်လည် ပေးဆောင်ရမည်ဖြစ်ပြီး သတ်မှတ်ရက် ကျော်လွန်ပါက ဒဏ်ကြေးပေးဆောင်ရမည်

တာချီလိတ်တွင် ဇွန်လအတွင်း အသုံးပြုခဲ့သည့် လျှပ်စစ်ဓါတ်အားခများကို ဇူလိုင်လတွင် ပုံမှန်အတိုင်း ပြန်လည် ပေးဆောင်ရမည်ဖြစ်ပြီး သတ်မှတ်ရက် ကျော်လွန်ပါက ဒဏ်ကြေးပေးဆောင်ရမည်
ဇွန် 22, 2020
By Tachileik News Agency
တာချီလိတ်တွင် ဇွန်လအတွင်း အသုံးပြုခဲ့သည့် လျှပ်စစ်ဓါတ်အားခများကို ဇူလိုင်လတွင် ပုံမှန်အတိုင်း ပြန်လည် ပေးဆောင်ရမည်ဖြစ်ပြီး သတ်မှတ်ရက် ကျော်လွန်ပါက ဒဏ်ကြေးပေးဆောင်ရမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 ကာလအတွင်း လျှပ်စစ်မီတာခ လျှော့ချပေးခြင်းနှင့် ဒဏ်ကြေး ဖြေလျော့ပေးမှု နှစ်လပြည့်ပြီဖြစ်၍ ၂၀၂၀ ခုနှစ်၊ ဇွန်လမှစ၍ မီတာခများကို ပုံမှန်ဈေးနှုန်းအတိုင်း ကောက်ခံမည်ဖြစ်ပြီး ဒဏ်ကြေးဖြေလျော့မှု မရှိတော့ကြောင်း သိရသည်။

ကိုဗစ်ကာလအတွင်း အများပြည်သူကို အကူအညီရစေဖို့ မီတာခ လျှော့ပေးတာ၊ ဒဏ်ကြေးမဆောင်ခိုင်းတာတွေက နှစ်လကြေညာထားတာ ပြည့်သွားပြီဆိုတော့  နောက်ထပ်အခြေအနေလည်း  စောင့်ကြည့်ချင်တာရယ်၊ ဒီကာလအတွင်း ဒဏ်ကြေးဖြေလျှော့ပေးထားတော့ မီတာခ လာမဆောင်ကြတာလည်း များနေတော့ စာရင်းဖြတ်လို့ရအောင် ဇွန်လကစပြီး ပုံမှန်အတိုင်း ကောက်ခံသွားမှာပေါ့။ ဒီကာလအတွင်း အခြေအနေကြည့်ပြီး ကော်မတီက ညှိနှိုင်းဆုံးဖြတ်သွားဖို့ ရှိပါတယ်

ဟု တာချီလိတ်မြို့မီးလင်းရေးကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)  ဥက္ကဌ ဦးတင်လှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လျှပ်စစ်ဓာတ်အား သုံးစွဲခများကို ဧပြီလနှင့် မေလအတွင်း တစ်ယူနစ်လျှင် (ဝ.၁၅)ဘတ်စီ လျှော့ပေးပြီး အဆိုပါ ကာလအတွင်း မီတာခပေးဆောင်ရန် နောက်ကျသူများကို ဒဏ်ကြေးဆောင်စေခြင်း၊ လျှပ်စစ်မီး ဖြတ်တောက်ခြင်းတို့ကို မလုပ်ဘဲ ဖြေလျော့ပေးထားခဲ့ခြင်းဖြစ်သည်။

မေလအတွင်း အသုံးပြုခဲ့သည့် ဓာတ်အားခများအတွက် ယခုဇွန်လတွင် ပေးဆောင်နေရာတွင် လျှော့ချကောက်ခံထားသည့် နှုန်းထားအတိုင်း ပေးဆောင်ရမည်ဖြစ်ပြီး ရက်လွန်ဒဏ်ကြေးကင်းလွတ်ခွင့်ကိုလည်း ခံစားခွင့်ရမည် ဖြစ်သော်လည်း ဇွန်လအတွင်း အသုံးပြုခဲ့သည့်  ဓာတ်အားခများကို ဇူလိုင်လတွင် ပေးဆောင်သည့်အခါမှစ၍ ဓာတ်အားခများကို ပုံမှန်နှုန်းထားများဖြစ်သည့် အိမ်သုံးမီတာ တစ်ယူနစ်လျှင် (၅.၃၅)ဘတ်၊ ပါဝါမီတာ တစ်ယူနစ်လျှင် (၆.၆)ဘတ်နှုန်းဖြင့် ပေးဆောင်ရမည့်အပြင် သတ်မှတ်ရက် (၂၅)ရက်နေ့ ကျော်လွန်ပါက ရက်လွန်ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ရက် နောက်ကျပါက ဓာတ်အားဖြတ်တောက်ပြီး ရက်လွန်ဒဏ်ကြေး ပေးဆောင်ပြီးမှ ဓာတ်အားပြန်လည်သုံးစွဲခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~