ထိုင်းနိုင်ငံမှ နေရပ်ပြန် နှင့် ပြစ်ဒဏ်စေ့ အားလုံးပေါင်း (၂၀၀)ကျော်ကို ဇွန်လ(၂၃)ရက်နေ့တွင် တာချီလိတ်၌ လက်ခံပေးသွားပြီး နေရပ်အသီးသီးသို့ ချက်ချင်း ပြန်ပို့မည်

ထိုင်းနိုင်ငံမှ နေရပ်ပြန် နှင့် ပြစ်ဒဏ်စေ့ အားလုံးပေါင်း (၂၀၀)ကျော်ကို ဇွန်လ(၂၃)ရက်နေ့တွင် တာချီလိတ်၌ လက်ခံပေးသွားပြီး နေရပ်အသီးသီးသို့ ချက်ချင်း ပြန်ပို့မည်
ဇွန် 21, 2020
By Tachileik News Agency
ထိုင်းနိုင်ငံမှ နေရပ်ပြန် နှင့် ပြစ်ဒဏ်စေ့ အားလုံးပေါင်း (၂၀၀)ကျော်ကို ဇွန်လ(၂၃)ရက်နေ့တွင် တာချီလိတ်၌ လက်ခံပေးသွားပြီး နေရပ်အသီးသီးသို့ ချက်ချင်း ပြန်ပို့မည်

တာချီလိတ် - မယ်ဆိုင် နယ်စပ်ဂိတ်မှ ပြန်လာလိုသည့် နေရပ်ပြန် (၂၀၀)ကျော် အပါအဝင်  ထပ်မံလွှဲပြောင်းလာမည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများကို ဇွန်လ(၂၃)ရက်နေ့တွင် တာချီလိတ်ရှိ ချစ်ကြည်ရေး အမှတ်(၂) တံတား၌ လက်ခံပေးသွားပြီး နေရပ်အသီးသီးသို့ တခါတည်း ပြန်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

"(၂၃)ရက်နေ့မှာ ထိုင်းဘက်နေက (၁၇၅)ယောက်လောက် လက်ခံရမှာပေါ့၊ ဒါကတော့ သံရုံးကတဆင့် ပေးလာတဲ့ စာရင်းပါ၊ နောက်တစ်ခါ မယ်ဆိုင်မြို့ကနေ ပြန်လာချင်တဲ့သူတွေလည်းရှိသေးတယ်။  အဲ့ဒါကြောင့် ထိုင်းဘက်က ပြန်လာမဲ့ သူတွေကိုတော့ (၂၃)ရက် အင်္ဂါနေ့ နံနက် လက်ခံပေးဖို့ ချိန်းထားတယ်။ သူတို့ကိုလည်း နေရပ်ဒေသ အသီးသီး ပြန်လွှတ်မယ်၊ တာချီလိတ်က ဆိုရင်လည်း ရပ်ကွက်အလိုက် သူတို့အိမ်မှာပဲ Quarantine သတ်မှတ်ထားမယ်။ အဲ့ဒီအခါကြရင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ကြပ်ကြပ်မှတ်မှတ်လုပ်ရမှာပေါ့"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဇွန်လ(၂၃)ရက်နေ့တွင် ပြန်လာလိုသည့် မြန်မာနိုင်ငံသားများတွင် အလုပ်သမားသံအရာရှိရုံးက ပေးပို့လာသည့် စာရင်းများ အပါအဝင် မယ်ဆိုင်မြို့တွင် လာရောက် စာရင်းပေးထားသူများလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါနေ့တွင် ပြန်လည်ရောက်ရှိလာမည့် မြန်မာနိုင်ငံသားများအား ချစ်ကြည်ရေး အမှတ်(၂)တံတားတွင် စစ်ဆေးမှုများ ပြုလုပ်ပြီး နေရပ်ပြန်နိုင်ရေးအတွက် ယာဉ်လိုင်းများကို စီစဉ်ပေးထားမည်ဖြစ်သော်လည်း နေရပ်ပြန်သူများအနေဖြင့် ယာဉ်စီးခများကို မိမိတို့ အစီအစဉ်ဖြင့်သာ ကျခံရမည်ဖြစ်ကြောင်း သိရသည်။

ယခင်က တာချီလိတ်သို့ ထိုင်းနိုင်ငံ နှင့် လာအိုနိုင်ငံမှ ဝင်ရောက်လာသူများကို တာချီလိတ်မြို့ရှိ မိုးကုတ်တရားရိပ်သာရှိ Facility Quarantine Center တွင် သတ်မှတ်ထားရှိပြီး Covid-19 စစ်ဆေးခြင်းများကို ဆောင်ရွက်သော်လည်း ကျန်းမာရေးက နောက်ဆုံးညွှန်ကြားထားသည့် ညွန်ကြားချက်အရ (၇)ရက်နေ့ပြီးမှ စစ်ဆေးရမည် ဖြစ်သည့်အတွက် လက်ခံပေးသည့် ဒေသတွင် မထားတော့ဘဲ နေရပ်သို့ ပြန်စေပြီးမှ  Quarantine ဝင်ကာ Covid-19 စစ်ဆေးရမည် ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~