ရှမ်းပြည်နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးငယ်များကို ငွေကြေးထောက်ပံ့နိုင်ရန် အတွက် ဇူလိုင် (၁) ရက်နေ့တွင် စာရင်းကောက်ယူမည်

ရှမ်းပြည်နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးငယ်များကို ငွေကြေးထောက်ပံ့နိုင်ရန် အတွက် ဇူလိုင် (၁) ရက်နေ့တွင် စာရင်းကောက်ယူမည်
ဇွန် 26, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးငယ်များကို ငွေကြေးထောက်ပံ့နိုင်ရန် အတွက် ဇူလိုင် (၁) ရက်နေ့တွင် စာရင်းကောက်ယူမည်

ရှမ်းပြည်နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက်ကလေးငယ်များကို ငွေကြေးထောက်ပံ့ ပေးနိုင်ရန် အတွက် ရပ်ကွက်၊ ကျေးရွာအလိုက် စာရင်းကောက်ယူမှု အစီအစဉ်ကို ၂၀၂၀ ခုနှစ် ဇူလိုင် (၁) ရက်နေ့မှ စတင်ပြီး စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မွေးဖွားလာသော အသက် (၂) နှစ်အောက်ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်(MCCT)တွင် ၂၀၂၀ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ စတင်ပြီး မွေးဖွားလာသည့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ အားလုံးအကျုံးဝင်မည် ဖြစ်သော်လည်း COVID-19  ကာလအတွင်းဖြစ်၍  စာရင်းကောက်ယူမည့်အချိန်ကို ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

စာရင်းကောက်ဖို့အတွက် အကြောင်းကြားစာ ဒီနေ့မနက်ပဲရတယ်။ သက်ဆိုင်ရာ ရပ်/ကျေးစာရေးတွေဆီစာပြန်ထွက်ဖို့ လုပ်နေပါတယ်။ တာလေ၊ ကျိုင်းလပ်ရောပါတာပေါ့။ (၁) ရက်နေ့မှာ သင်တန်းပေးမယ်။ စာရင်းဘယ်လို ကောက်ရမယ်။ ဘယ်လိုလူတွေအကျူံးဝင်မယ်ဆိုတာ ရှင်းပြမှာပေါ့

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၂၆)ရက်နေ့တွင် ပြောသည်။

MCCT အစီအစဉ်အရ ၂၀၂၀ ခုနှစ် ဧပြီလ (၁) ရက်နေ့မှစတင်ပြီး ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးဖွားလာသည့် ကလေးငယ်အားလုံးအကျူံးဝင်မည်ဖြစ်ပြီး ကိုယ်ဝန်ဆောင်ဖြစ်ပါက နီးစပ်ရာ ကျန်းမာရေးဌာနမှ ကိုယ်ဝန်စောင့်ရှောက်မှု မှတ်တမ်း၊ မွေးဖွားပြီးသည့် ကလေးငယ်ဖြစ်ပါက မွေးစာရင်း သို့မဟုတ် ကာကွယ်ဆေးထိုး မှတ်တမ်းများဖြင့် မိမိတို့နေထိုင်ရာရပ်ကွက်အလိုက် သက်ဆိုင်ရာရပ်/ကျေး စာရေးများကို စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

Social Production ဆိုတဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုတာ နိုင်ငံတကာမှာလုပ်နေပါတယ်။ အာဆီယံမှာလည်း အကုန်လုပ်နေတယ်။ တစ်ပြည်လုံး အတိုင်းအတာနဲ့ မလုပ်နိုင်သေးတာ ကျွန်တော်တို့နဲ့ လာအိုပဲကျန်တယ်။ ဒါက မြန်မြန်အကောင်အထည်ဖော်လေ ကျွန်တော်တို့ ကလေးတွေအတွက် အနာဂတ်ရင်းနှီးမြှုပ်နှံမှု ကောင်းလေပဲ

ဟု ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

MCCT အစီအစဉ်အရ ၂၀၂၀ ခုနှစ်အတွက် ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ပါရှိခဲ့ပြီး ဧပြီ၊ မေ၊ ဇွန် (၃) လအတွက် ငွေကျပ် (၄၅,၀၀၀) ကျပ်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ (၃) လတာကာလအတွက် (၄၅,၀၀၀)၊ စုစုပေါင်း ငွေကျပ် (၉၀,၀၀၀) ကို တပေါင်းတည်းထောက်ပံ့ပေးသွားမည်ဖြစ်ပြီး COVID-19 ကာလ ပြီးစီးပါက (၃) လတစ်ကြိမ်ထောက်ပံ့မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

MCCT အစီအစဉ်အရ ၂၀၁၇-၂၀၁၈ က ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ နာဂကိုယ်ပိုင်ခွင့်ရဒေသ၊ ၂၀၁၈-၂၀၁၉ က ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ထောက်ပံ့မှုများပေးအပ်ခဲ့ပြီး ကယားပြည်နယ်တွင် (၁၁,၈၆၂) ဦး၊ ကရင်ပြည်နယ်တွင် (၅၁,၉၉၆) ဦး၊ ချင်းပြည်နယ်တွင် (၃၂,၆၆၇) ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် (၆,၅၁၀) ဦး၊ ရခိုင်ပြည်နယ်တွင် (၁၃၈,၄၈၆) ဦးတို့ကို ထောက်ပံ့ပေးအပ်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

ဆက်စပ်သတင်းများ

ရှမ်းပြည်နယ်အတွင်း  အထူးဒေသ (၂) နှင့် အထူးဒေသ (၄) တို့မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက်ကလေးငယ်များကို ငွေကြေးထောက်ပံ့မည်

ရှမ်းပြည်နယ်အတွင်း ပဋိပက္ခဒေသများ၊ စစ်ဘေးရှောင်စခန်းများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက်ကလေးငယ်များကို MCCT အစီအစဉ်ဖြင့် ငွေကြေးထောက်ပံ့မည်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~