ရှမ်းပြည်နယ်တောင်ပိုင်းဒေသ အတွင်း သစ်ပင်မပေါက်ဘဲ တောင်ကတုံးများဖြစ်နေသည့် နေရာများတွင် ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး (၄)သိန်းခွဲ ကြဲချကာ စိုက်ပျိုး

ရှမ်းပြည်နယ်တောင်ပိုင်းဒေသ အတွင်း သစ်ပင်မပေါက်ဘဲ တောင်ကတုံးများဖြစ်နေသည့် နေရာများတွင် ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး (၄)သိန်းခွဲ ကြဲချကာ စိုက်ပျိုး
ဇွန် 20, 2020
By Tachileik News Agency

ရှမ်းပြည်နယ်တောင်ပိုင်းဒေသ အတွင်း သစ်ပင်မပေါက်ဘဲ တောင်ကတုံးများဖြစ်နေသည့် နေရာများတွင် ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး (၄)သိန်းခွဲ  ကြဲချကာ စိုက်ပျိုး

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း သစ်ပင်မပေါက်သည့် တောင်ကတုံးများဖြစ်နေသည့် နေရာများတွင် သစ်ပင် အမျိုးအစား အစုံအလင် ပါဝင်သည့် သစ်စေ့မြေလုံး(Seed Ball)အရေအတွက် (၄)သိန်းခွဲကို ရဟတ်ယာဉ်ဖြင့် ဇွန်လ(၂၀)ရက်နေ့အထိ (၂)ရက်အတွင်း ကြဲချစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့ ညှိနှိုင်းစီစဉ်မှုဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသအတွင်း ၂၀၂၀ခုနှစ် ဇွန်လ(၁၉)ရက်နေ့မှ ဇွန်လ(၂၀)ရက်နေ့အထိ နှစ်ရက်အတွင်း စုစုပေါင်း သစ်စေ့မြေလုံး(Seed Ball) (၄)သိန်းခွဲကို ရဲဟတ်ယာဉ်ဖြင့် ကြဲချခဲ့ကြခြင်း ဖြစ်သည်။

ဇွန်လ(၂၀)ရက်နေ့တွင် လွိုင်လင်မြို့နယ်နှင့် ပင်လုံမြို့နယ်အတွင်းရှိ သစ်ပင်မပေါက်သော တောင်ကတုံးဧရိယာများတွင် သစ်စေ့မြေလုံး (Seed Ball) စုစုပေါင်း (၁)သိန်းခွဲကို လည်းကောင်း၊ ဇွန်လ(၁၉)ရက်နေ့က ညောင်ရွှေမြို့နယ်၊ အင်းလေးအရှေ့ကြိုးဝိုင်းနှင့် အင်းလေးအနောက်ကြိုးပြင်ကာကွယ်တောအတွင်းရှိ သစ်ပင် မပေါက်သော တောင်ကတုံးများပေါ်တွင် သစ်စေ့မြေလုံး (Seed Ball) စုစုပေါင်း (၃)သိန်းကို ကြဲချစိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာနနှစ်ခုပူးပေါင်း၍ ကြဲချစိုက်ပျိုးသည့် သစ်စေ့မြေလုံး (Seed Ball)သည် ချယ်ရီ၊ ထင်းရှူး နှင့် ရေသင်းဝင် စသည့် ဒေသသစ်မျိုးများစွာ ပါဝင်ပြီး အကြီးမြန်သည့် သစ်မျိုး၏ သစ်စေ့ပေါင်းစွာဖြင့် ပြုလုပ်ထားခြင်း ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 

ပြီးခဲ့သည့် မေလအတွင်းကလည်း အင်းလေးရေဝေရေလဲ ဧရိယာနှင့် မဲခေါင်မြစ်ရေဝေရေလဲ ဧရိယာများအတွင်း  သစ်စေ့မြေလုံး (Seed Ball) စုစုပေါင်း (၁၈၂၀၀၀)ကို လူအားဖြင့် ဆူးထိုးချ စိုက်ပျိုးခဲ့ကြောင်းလည်း သိရသည်။     

 Tachileik News Agency
ဓါတ်ပုံ - သစ်တောဦးစီးဌာန


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~