တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးဝါး အပါအဝင် လက်နက်ခဲယမ်းများကို နယ်မြေလုံခြုံရေးအဖွဲ့က (၃)ရက်အတွင်း ရှာဖွေသိမ်းဆည်းရမိ

တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးဝါး အပါအဝင် လက်နက်ခဲယမ်းများကို နယ်မြေလုံခြုံရေးအဖွဲ့က (၃)ရက်အတွင်း ရှာဖွေသိမ်းဆည်းရမိ
ဇွန် 22, 2020
By Tachileik News Agency

တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးဝါး အပါအဝင်  လက်နက်ခဲယမ်းများကို နယ်မြေလုံခြုံရေးအဖွဲ့က (၃)ရက်အတွင်း ရှာဖွေသိမ်းဆည်းရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း တောထဲတွင် ၀ှက်ထားသည့် လက်နက်ခဲယမ်းများကို ဇွန်လ(၁၉)ရက်နေ့မှ ဇွန်လ(၂၁)ရက်နေ့အထိ စနိုက်ပါများ အပါအဝင် သေနတ်(၉)လက် နှင့် ကျည်များကို တပ်မတော်မှ ဆက်တိုက် သိမ်းဆည်းရမိကြောင်း သတင်းထုတ်ပြန်သည်။

တာချီလိတ်မြို့၏ အနောက်တောင်ဘက် မီတာ (၂,၃၀၀) ခန့်အကွာရှိ မြန်မာ - ထိုင်နယ်စပ်အနီး လျှိုတစ်ခုတွင် ပလပ်စတစ်အိတ်ဖြင့်ထည့်၍ မြေကြီးအတွင်း ကျင်းတူးကာ မြှုပ်နှံထားသည့် ပွိုင့်-၄၅ ပစ္စတို သေနတ် (၁) လက်၊ ၎င်းကျည်အိမ် (၁) ခုနှင့် ကျည် (၅) တောင့်၊ WY စာတန်းပါစိတ်ကြွရူးသွပ် ဆေးပြား (၃၀၀၀) ပြား၊ စိတ်ကြွဆေးပြားအကြေ (၁၀၀) ဂရမ်ခန့်နှင့် ဘိန်းမဲ ၀ ဒသမ ၅ ကီလိုဂရမ်ခန့်ကို နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက နေ့လယ် (၁)နာရီဝန်းကျင်တွင် သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု ပါလကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ ဝါးရုံတောသို့အရောက်တွင် တွေ့ရှိရသည့် ဆာလာအိတ်တစ်လုံးကို ဖွင့်ဖောက်စစ်ဆေးရာက ပစ္စတိုသေနတ် (၁)လက်၊ ၎င်းကျည်အိမ် (၁)ခု၊ ပွိုင့်-၂၂ ပြောင်းရှည်(စနိုက်ပါမှန်ပြောင်းပါ) သေနတ်(၁)လက်၊ လေသေနတ်ပြောင်းရှည် (၁)လက် နှင့် စနိုက်ပါမှန်ပြောင်း (၁)ခုတို့ကို တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၁၉)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်အချိန်ကလည်း တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ နားကျဲကျေးရွာအနီး လျှိုတစ်ခုတွင် မြေကြီးအတွင်း မြှုပ်နှံထားသည့် ပလပ်စတစ်အိတ်ထဲက ပစ္စတိုသေနတ် (၁)လက်၊ ၎င်းကျည်အိမ် (၁)ခု၊ ပွိုင့်-၂၂ စနိုက်ပါသေနတ် (၁)လက်၊ ၎င်းကျည်အိမ် (၁)ခု၊ ကျည်မျိုးစုံ (၄၄)တောင့်၊ တစ်လုံးထိုးသေနတ် (၁)လက်၊ ဝမ်ချက်စတာသေနတ် (၁)လက်၊ ပွိုင့်-၃၈ ငါးလုံးပြူးသေနတ် (၁)လက် စုစုပေါင်း သေနတ်(၄)လက်နှင့် ကျည်ဆံ (၄၄)တောင့်တို့ကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

တပ်မတော်က သိမ်းဆည်းရမိထားသည့် လက်နက်၊ ခဲယမ်းနှင့်မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

  Tachileik News Agency
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~