တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု အတွင်း မြေကြီးထဲမြှုပ်ထားသည့် လက်နက်နှင့် မူးယစ်ဆေးဝါးများကို တပ်မတော်က ရှာဖွေတွေ့ရှိ

တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု အတွင်း မြေကြီးထဲမြှုပ်ထားသည့် လက်နက်နှင့် မူးယစ်ဆေးဝါးများကို တပ်မတော်က ရှာဖွေတွေ့ရှိ
ဇွန် 20, 2020
By Tachileik News Agency

တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု အတွင်း မြေကြီးထဲမြှုပ်ထားသည့် လက်နက်နှင့် မူးယစ်ဆေးဝါးများကို တပ်မတော်က ရှာဖွေတွေ့ရှိ 

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း၌ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်က လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများကို  မြေကြီးအတွင်းထဲက ရှာဖွေ တွေ့ရှိ သိမ်းဆည်းရမိကြောင်း  သိရသည်။

လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း နာကျဲကျေးရွာ၏ အရှေ့မြောက်ဘက် လျှိုတစ်ခုအတွင်း၌  ပလတ်စတစ်အိတ်ဖြင့် ပတ်ကာမြေကြီးအတွင်း မြှုပ်နှံထားသည့် အထုပ်တစ်ထုပ် ကို ၂၀၂၀ခုနှစ် ဇွန်လ (၁၉)ရက်နေ့ ညနေပိုင်းက နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် တပ်မတော်က တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

 အဆိုပါ အထုပ်အား ဖွင့်ကြည့်ရာတွင်  ပစ္စတိုသေနတ် (၁)လက်၊ ၎င်းကျည်အိမ် (၁)ခု၊ ပွိုင့်-၂၂ စနိုက်ပါသေနတ် (၁)လက်၊ ၎င်းကျည်အိမ် (၁)ခု၊ ကျည်မျိုးစုံ (၄၄)တောင့်၊ တစ်လုံးထိုးသေနတ် (၁)လက်၊ ဝမ်ချက်စတာသေနတ် (၁)လက်၊ ပွိုင့်-၃၈ ငါးလုံးပြူးသေနတ် (၁)လက် စုစုပေါင်း သေနတ်(၄)လက်နှင့် ကျည်ဆံ (၄၄)တောင့်တို့ကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အဆိုပါ အိတ်အတွင်းမှ  Wy စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၇၀၀၀)ပြား ၊ ဘိန်းဖြူ (၀.၀၃)ကီလို နှင့် ဘိန်းမဲ (၁)ကီလိုဂရမ်တို့ကိုလည်း တွေ့ရှိသိမ်းဆည်း ရမိ၍ တပ်မတော်က သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ လွှဲပြောင်း အပ်နှံပေးထားကြောင်း သိရှိရသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~