{ကြော်ငြာ} တာချီလိတ်မြို့ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းက Covid-19 ကာကွယ်ရေးအတွက် ပြင်ဆင်ထားရှိပြီး ကျောင်းအပ်လက်ခံနေပါပြီ

{ကြော်ငြာ} တာချီလိတ်မြို့ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းက Covid-19 ကာကွယ်ရေးအတွက် ပြင်ဆင်ထားရှိပြီး ကျောင်းအပ်လက်ခံနေပါပြီ
ဇွန် 25, 2020
By Tachileik News Agency
{ကြော်ငြာ}
တာချီလိတ်မြို့ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းက Covid-19 ကာကွယ်ရေးအတွက် ပြင်ဆင်ထားရှိပြီး ကျောင်းအပ်လက်ခံနေပါပြီ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် တက္ကသိုလ်ဝင်တန်း စံချိန်တင် အောင်ချက်အမြင့်ဆုံး ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်း၊ တာချီလိတ်မြို့၏ COVID 19 ကာကွယ်ရေးအတွက်  ပြင်ဆင်မှုများနှင့်အတူ ကျောင်းအပ်လက်ခံနေပါပြီ
* * *

ရှမ်းပြည်နယ် အရှေ့ပိုင်း၏ ပထမဆုံး ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ဂုဏ်ထူးရှင် အများဆုံး မွေးထုတ်ရာ တာချီလိတ်မြို့မှ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှာ COVID 19 ကာကွယ်ရေးအတွက် ပြောင်းလဲ ပြင်ဆင်မှုတွေနဲ့အတူ ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်အတွက် ၂၀၂၀ ခုနှစ်၊ ဇွန်လကစပြီး ကျောင်းအပ်လက်ခံနေပါပြီ။

COVID 19 ကာလမှာ ရောဂါကာကွယ်ရေးအစီအစဉ်များနဲ့ ပြုပြင်ပြောင်းလဲလိုက်တာကြောင့် ကျောင်းသားကျောင်းသူဦးရေကို ကန့်သတ်လက်ခံရမှာဖြစ်ကြောင်း  ကျောင်းသားမိဘများကို အသိပေးလိုပါတယ်။

လက်ရှိမှာတော့ ရွှေမဟာရဲ့ကျောင်းသားကျောင်းသူသစ်များလည်း စာရင်းပေးအပ်နှံနေကြပြီဖြစ်လို့ ရွှေမဟာ ကျောင်းသားကျောင်းသူဟောင်းများ နောက်မကျစေဘဲ စာရင်းပေးသွင်း အပ်နှံကြဖို့ သတင်းစကားပါးလိုပါတယ်။

စာသင်ကာလတလျှောက်လုံး ကျောင်းပရဝုဏ်ကို ဝင်လာတဲ့ ကျောင်းသား၊ကျောင်းသူတိုင်း ကိုရိုနာဗိုင်းရပ်စ်ကို စိတ်ပူစရာမလိုဘဲ ပုံမှန် သင်ယူချိန်တွေကို အေးအေးချမ်းချမ်းသင်ယူနိုင်ဖို့ ပြင်ဆင်ထားပြီဖြစ်ပါတယ်။

ရွှေမဟာ ကျောင်းသား၊ကျောင်းသူများ ကျန်းမာရေး၊ သင်ယူရေးတွေအတွက် မိဘတွေ စိတ်ပူမနေရအောင် စီစဉ်ထားရှိပါတယ်။

ဒီနှစ်အတွက် ရွှေမဟာကျောင်းသား၊ကျောင်းသူများ ဘောလုံးအကယ်ဒမီကို လေ့ကျင့်ခွင့်လည်း ရရှိနိုင်မယ့် အခွင့်အရေးရှိနေပါတယ်။

ဆက်သွယ်ရန်
အမှတ် ၂/၂၉၂၊ မေဖလားဝါးကွင်း၊ မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့။
ဖုန်း 09 684006121၊ 09 768035158၊ 084 52334
FB: https://www.facebook.com/GMPHS.SHWEMAHAR/